မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။ 

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ၂၄ ကာရက် အကယ်ဒမီရွှေ တစ်ကျပ်သားကို ကျပ် ၅၉ သိန်း ၉ သောင်း (၅,၉၉၀,၀၀၀ ကျပ်) ဝန်းကျင်လို့ တရားဝင်ရည်ညွှန်းဈေး သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာတော့ နိုင်ငံခြားငွေဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုကြောင့် တရားဝင်ဈေးထက် များစွာကွာဟနေတဲ့ စံချိန်ချိုးတဲ့ ဈေးနှုန်းတွေ အထိကို မြင့်တက်လာနေတာပဲ ဖြစ်ပါတယ်။ 

ကမ္ဘာရွှေဈေးကွက်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်က တစ်အောင်စ ဒေါ်လာ ၄၀၄၉ ဝန်းကျင် ရှိခဲ့ရာမှာ လက်ရှိပေါက်ဈေးမှာတော့ ဒေါ်လာ ၂၀၀ ကျော်အထိ ခုန်တက်သွားပြီး တအောင်စကို ဒေါ်လာ ၄၂၅၀ ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

“အခု‌ဈေးတွေကတော့ တွေ့တဲ့အတိုင်းပဲ ၈၆ ကျော်လာတော့ ၉၀ နီးပါးကိုတောင် ရောက်လာပြီ။ တချို့ဆိုင်တွေဆို အဝယ်ပိတ်ပြီး အရောင်းပဲ ရတော့တယ်။ ဒီဈေးတန်းက တခါမှ မတက်ဖူးဘူး။ ပညာရှင်တွေလည်း မခန့်မှန်းတက်တော့ဘူး။ ကြားထဲမှာ ရွှေရောင်ရင် သယံဇာတက ဘောင်ချာပါမှ ရောင်းလို့ရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ မြန်မာ့ရွှေလောကကတော့ ပွက်လောကို ရိုက်နေတာပဲ” လို့ ရွှေလုပ်ငန်းရှင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

အရင်က ရွှေဆိုင်တွေမှာ အသုံးပြုခဲ့တဲ့ ဘောင်ချာတွေအစား စစ်ကော်မရှင်ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ ထုတ်ပေးတဲ့ ဘောက်ချာတွေနဲ့သာ ရွှေတွေကို အရောင်းအဝယ်ပြုလုပ်ရတော့မယ်လို့ စစ်ကော်မရှင်ထောက်ခံ မီဒီယာအချို့က ရေးသားဖော်ပြလာတာဖြစ်ပါတယ်။ 

ဒီလို သတင်းထွက်ပေါ်လာမှုအပေါ် ရွှေလုပ်ငန်းရှင်တွေက ရွှေဈေးတွေက အစိုးရသတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးတွေက ကွာဟလွန်းတာကြောင့် ထိန်းချုပ်ဖို့ကို စစ်ကော်မရှင်က ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ 

ဒါပေမယ့် ထွက်ပေါ်လာတဲ့ စစ်ကော်မရှင်ရဲ့ အရောင်းအဝယ်ဘောင်ချာမှာ ရွှေရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံးရဲ့ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ အပါအဝင် ကိုယ်ရေးအချက်အလက်အပြည့်အစုံကို စာရင်းသွင်း မှတ်တမ်းတင်ဖို့လိုအပ်ကြောင်း ပါဝင်နေတာကြောင့် သူခိုး၊ ဓားပြ အန္တရာယ်တွေ ပိုများလာမယ်လို့ ရွှေကုန်သည်တွေရဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ 

ဒါ့အပြင် ရွှေဆိုင်တွေနဲ့ ကုန်သည်တွေကတော့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို သက်ဆိုင်ရာဌာနမှ မဖြစ်မနေ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင်မရှိဘဲ ရောင်းဝယ်ဖောက်ကားသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်းတချို့လည်း ပျက်စီးကုန်တယ်လို့ ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။ 
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

အရာတော်တွင် ရိက္ခာသယ်လာသည့် ပျူစောထီးများအား တော်လှန်ရေးတပ်များ ပစ်ခတ်ဖမ်းဆီး၊ ဆန်ဆီ ရိက္ခာများနှင့်အတူ ပျူ ၈ ဦးအား အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ရိက္ခာသယ်ထွက်လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာ ၈ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ရိက္ခာပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ Ngwe Dwin Revolution Force တပ်ခွဲမှူး ကိုစစ်နိုင်က မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၉ရက် ဒီမနက်မှာ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ ညောင်ဒူးလေးရွာဘက် ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယမန်နေ့က သပိတ်ကျင်း၊ လိပ်ကျလမ်းဆုံကို စစ်ကောင်စီ ​ပေါင် ၃၀၀ ဗုံးကြဲချခဲ့မှုအတွင်း အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့

ယမန်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၃ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။