စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ မော်တိတ်ရွာသားဖြစ်တဲ့ (၃၅) နှစ်အရွယ် ကိုဇော်ထွေးကို ပကဖ တပ်ဖွဲ့တွေက သူရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးပြီး အောက်တိုဘာ ၁၂ ရက် မနက် ၁ နာရီခွဲလောက်မှာတော့ မိသားစုထံ အကြောင်းကြားကာ ရုပ်အလောင်းကို လာရောက်ယူဆောင်ခိုင်းတယ်လို့ ဆိုပါတယ် ။

” အဲဒီအမျိုးသားတစ်ယောက်ကို စစ်မေးစရာရှိလို့ ဆိုင်ကယ်ခိုးမှု နဲ့ စစ်မေးစရာရှိတယ်ပေါ့နော်၊ အဲလိုပြောပြီးတော့ နေအိမ်ကနေ ဖမ်းဆီးသွားတယ်၊ ၁၂ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ မိသားစုကို အကြောင်းကြားလာတယ်၊ ရိုက်စစ်လို့သေသွားပြီ၊ အလောင်းလာယူလို့အကြောင်းကြားလာတယ်” လို့ အင်းတော်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဲဒီနောက် မိသားစုဝင်တွေက အဲဒီနေ့မနက် ၁၀ နာရီလောက်မှာ ရုပ်အလောင်းကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး သေဆုံးသူ ကိုဇော်ထွေးရဲ့ ခန္ဓာကိုယ်အနှံ့မှာလည်း ရိုက်နက်ထားတဲ့ ဒဏ်ရာတွေ ပြည့်နက်နေပြီး ဦးခေါင်းလည်းကွဲထားတယ်လို့ ဆိုပါတယ်။ ကိုဇော်ထွေးမှာ အရွယ်မရောက်သေးတဲ့ ကလေး ၂ ယောက်နဲ့ မိန်းမတစ်ယောက်လည်း ရှိပါတယ်။



” ဒဏ်ရာဒဏ်ချက်တွေ ခန္ဓာကိုယ်တစ်ကိုယ်လုံးလည်း ညိုမဲနေတယ်၊ နောက်ပြီး မျက်နှာတစ်ခုလုံးလည်း ဖူးယောင် ညိုမဲနေတယ်၊ ခေါင်းမှာလည်း ဒဏ်ရာအကြီးကြီးတစ်ခုတွေ့တယ်၊ အဆုတ်တည့်တည့်ဘက်မှာလည်း သေနတ်နဲ့ ထုထားတဲ့ဒဏ်ရာ ၃ ချက်တွေ့တယ်၊ သေသွားတဲ့အမျိုးသားမှာ မိန်းမ နဲ့ အရွယ်မရောက်သေးတဲ့ကလေး ၂ ယောက်ရှိတယ်” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။

အဆိုပါ အမျိုးသားဟာ ဆိုင်ကယ်ခိုးယူမှုရှိ ၊ မရှိကို အတိအကျ မသိရသေးသလို၊ အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး အင်းတော်မြို့နယ်ပကဖ ဆီ မောင်းသတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် အခုသတင်းတင်တဲ့အချိန်ထိ ပြန်လည်ဖြေကြားခြင်းမရှိပါသေးဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကလည်း အင်းတော်မြို့မှာ ဆိုင်ကယ်လာရောင်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ မော်လူး-နဘား လမ်းပိုင်း၊ ပင်ဝယ်ရွာအနီးမှာ ဓားပြတိုက်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

အင်းတော်မြို့ကို ပြီးခဲ့တဲ့ ဧပြီလက NUG လက်အောက်ခံတပ်တွေနဲ့ မဟာမိတ်တပ်တွေ သိမ်းယူထားပြီး NUG ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသလို စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်၊ ရွှေပြည်အေးနဲ့ ဗန်းမောက်မြို့တွေကို NUG က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများကို စေတုတ္တရာ ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲများကြောင့် အလုံးစုံပျက်စီးခဲ့ရသည့် နေအိမ်များကို MNDAA က ငွေကျပ် သိန်း ၅၀ စီထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။
Read More

NUG ရဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူလူထုကိုယ်စား ကောင်းစွာအသိအမှတ်ပြုသည်ဟု CRPH က သဝဏ်လွှာပေးပို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်တပ်ထောက်တိုင်လုပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်နေသူ ၂ ယောက် အသတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။