မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းရှိ လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့နဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အမြဲတမ်းရှုံးနိမ့်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်က အဆိုပါဗျူဟာကုန်းမကျရှုံးရေးအတွက် လေကြောင်းပစ်ကူ ၊ စစ်ကူတွေ အဆက်မပြတ်ပေးနေတဲ့ကြားက AA အနေနဲ့ အကောင်းဆုံး တုံ့ပြန်ခံစစ်တွေနဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

အောက်တိုဘာလ (၁၇) ရက် မနေ့က အချို့နေရာတွေမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်အချို့က အလံဖြူထောင် လက်နက်ချကာ အလင်းဝင်ရောက်တာရှိသလို အချို့ကို တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

AA အနေနဲ့ အလင်းဝင်ရောက်လာခဲ့သူတိုင်းကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားတာကြောင့် စစ်ကော်မရှင်ရဲ့ မတရား စစ်မှုထမ်း စုဆောင်းခံရသူတွေအနေနဲ့ AA နဲ့ အနီးဆုံးနေရာတွေကို ဆက်သွယ်ပြီး အချိန်မရွေး လက်နက်ချအလင်းဝင်ရောက်ဖို့ AA က အသိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုတွေ အပြင်းအထန် ထိခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွား​ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ဒီပဲယင်းနယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၂၀ နီးပါးသေဆုံး

“ထိခိုက်သေဆုံးကတော့ ကျနော်တို့အလောင်းတွေ့ရတာ ၁၈ ဦး၊ ထပ်တိုး တစ်ဦးရှိတယ်လို့လည်း ကြားတယ်၊ အဲဒီမှာ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်။ ၂၀ ကတော့ကျော်မယ်လို့ထင်တယ်၊ တစ်ချို့ရှာမတွေ့တာတွေ ရှိတယ်လို့လည်းသိရတယ်” လို့ ဒီပဲယင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

မိုင်းငေါ့မြို့တွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး သေဆုံး၊ (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ လာရောက်ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် ဒေသခံပြည်သူ (၂) ယောက် သေဆုံးသွားခဲ့ပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

SSNDF / KNDF ဗျူဟာအမှတ်(၉) ၏ သစ္စာဆိုခြင်းနှင့် သစ္စာရေသောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF / KNDF) ဗျူဟာအမှတ် (၉) ရဲ့ စစ်သင်တန်းဆင်းပွဲ မတိုင်မီ ဧပြီလ (၁၆) ရက်မှာ သစ္စာဆိုခြင်းနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို SSNDF / KNDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရပ်စောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက်အတွက် အကူအညီ လိုအပ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စု၊ လွယ်ဟောင်ရွာအတွင်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၀ ယောက် ဆေးကုသမှုအတွက် အကူအညီ လိုအပ်နေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

အဓမ္မဖိအားပေးမှုများကြောင့် ကြိုတင်မဲပေးရသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ သုံးသောင်းနီးပါးထိရှိလာ

စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်အပါအဝင် သက်ဆိုင်ရာကျောင်းတွေက အဓမ္မဖိအားပေးလို့ ကြိုတင်မဲပေးရသူ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းနီးပါးရှိတယ်လို့ ယနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာများရဲ့ဖော်ပြချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့ရတဲ့ကျောင်းသားအများစုဟာ အလုံ၊ ဒဂုံမြို့သစ် ( မြောက်ပိုင်း)၊ ထားဝယ်၊ မြိတ်၊ ကျွန်းစု၊ စဉ့်ကိုင်၊ လောင်းလုံ၊ လယ်ဂျာ၊ ကွယ်ဟိန်း၊ ပင်းတယ အစရှိတဲ့မြို့တွေကဖြစ်ကြောင်းနဲ့ အခြားမြို့တွေဆီကလည်း ပါဝင်ကြောင်း စစ်အုပ်စုအာဘော်သတင်းတွေမှာ ဖော်ပြထားတာပါ။