မန္တလေးတိုင်း၊ မြင်းခြံခရိုင်ပကဖထံကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက ၈ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း (၇)၊ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၆ရက် မနေ့က မြင်းခြံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ အချုပ်သား အယောက် ၃၀ နီးပါး သေနတ်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြခဲ့ပါတယ်။

အဲ့ဒီနောက် အောက်တိုဘာလ ၁၇ရက်၊ ဒီနေ့မှာတော့ ထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲက အမျိုးသား ၇ယောက်နဲ့ အမျိုးသမီး ၁ယောက်ကို ခရိုင်အတွင်း တစ်နေရာမှာ Zero ပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးထားလိုက်နိုင်တယ်လို့ သိရပါတယ်။

“အထွေအထူးတော့မပြောတော့ပါဘူး။ အခုဟာတွေက ပျူလည်းပါမယ်။ သာမန်တရားခံတွေလည်း ပါမယ်။ ပေါင်းစုံချုပ်ထားတာဆိုတော့လေ။ အဲ့လိုပဲယူဆပါတယ်။ သူတို့ထွက်ပြေးတဲ့သတင်းရတော့ ကျနော်တို့ ကင်းပုန်းစောင့်ဖမ်းတယ်။ မသင်္ကာတဲ့လူတွေတွေ့တော့ စစ်ဆေးကြည့်ရင်း အချုပ်ခန်းက ပြေးလာတဲ့သူတွေလို့သိရတာနဲ့ သတင်းပို့ပြီး အပ်လိုက်တာပါ” လို့ ကိုသက်ကြီးက မောင်းကိုပြောပါတယ်။

ပြန်လည်ဖမ်းဆီးရမိတဲ့ အချုပ်သားတွေထံကနေ AK သေနတ် (၁) လက်၊ သေနတ်အတို (၁) လက်၊ ကာဘိုင် သေနတ် (၁) လက်နဲ့ ဓါးအရှည် (၁) ချောင်း တို့ကိုလည်း တပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးရမိသူတွေကို စစ်ဆေးမေးမြန်းတာမျိုး မလုပ်ဆောင်ဘဲ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ထံကိုပဲ လွှဲပြောင်းပေးခဲ့တယ်လို့ ကိုသက်ကြီးကပြောပါတယ်။

ဒီဖြစ်စဥ်အကြောင်း မြင်းခြံခရိုင်ပကဖနဲ့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဘက်ကို မောင်းအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

လက်ရှိအခြေအနေအရ မြင်းခြံခရိုင်ထဲက နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုက ရွာစဥ်လှည့်မီးရှို့တာ၊ မုဒိန်းကျင့်လူသတ်တာအပြင် လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် မြင်းခြံမြို့ပေါ်မှာလည်း အတုအယောင်ရွေးကောက်ပွဲအတွက် အရပ်သားတွေကို စစ်အုပ်စုက ဖိအားပေးတာမျိုးတွေ ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

ယောကာကွယ်ရေးတပ်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းရဲဘော်များကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်

ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းမြို့နယ်တွင်း ရဲစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ပျူရွာအတွက် ရိက္ခာလာပို့သည့် စစ်အုပ်စု လက်နက်ကြီးပစ်လို့ ဒေသခံ ၁ဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ Chaung U Revolution News – CRN ထံက သိရပါတယ်။
Read More

ကျားဖြန့်မှ ဖမ်းမိထားသည့် နိုင်ငံခြားသားများအတွက် ကျွေးမွေးစရိတ် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ရှိဟု ဇော်မင်းထွန်း ငြီးတွားပြ

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေကို ထိန်း သိမ်းစောင့်ရှောက်ထားရတာဟာ ကုန်ကျစရိတ်များပြားပြီး တစ်နှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် သုံးစွဲကုန်ကျခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။