ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား ၇ ယောက် အလင်းဝင် ဘက်ပြောင်း ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်တာတဲ့ စစ်မှုထမ်းတပ်သား ၇ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်က KNLA တပ်ရင်း ၉ ထံကို အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ ခလရ–၇၅ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေဖြစ်ပြီး ကျော်ဇေယျ (အသက် ၂၂ နှစ်)၊ သီဟနိုင် (၂၇ နှစ်)၊ အောင်မျိုးဦး (၃၆ နှစ်)၊ စည်သူဟိန်း (၂၀ နှစ်)၊ မောင်မှောက် (၂၆ နှစ်)၊ သန်းနိုင်ဦး (၃၃ နှစ်) နဲ့ ရာဇာထက် (၂၄ နှစ်) ဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သူတို့ ၇ယောက်ဟာ အာဏာသိမ်းအကြမ်းဖက် စစ်တပ်က ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၇)၊ (၁၀) နဲ့ (၁၃) တို့က သင်တန်းသားတွေဖြစ်ကာ သန်းနိုင်ဦးနဲ့ ရာဇာထက် တို့ (၂) ဦးမှာ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘဝသို့ ရောက်ရှိလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခက်အခဲတွေကြောင့် အလင်းဝင်လာချိန်မှာ လက်နက်တွေ မယူလာနိုင်ခဲ့ပေမယ့်လယ်ဒိုမြို့နယ်တာဝန်ရှိသူတွေက နေရာထိုင်ခင်း၊ အစားအစာနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

အခုလို အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း စေခိုင်းခံနေရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို ရရာနည်းလမ်းတွေနဲ့ လက်နက်ချ အလင်းဝင်ဘက် ပြောင်းခိုလှုံကြဖို့လည်း KNU ကနေ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ အလင်းဝင်ဘက် ပြောင်းခိုလှုံလာသော ပြည်သူ့စစ်မှုထမ်းတပ်သား (၇) ဦး (KNU)
0 Shares:
You May Also Like
Read More

ကော့သောင်းနှင့် ခမောက်ကြီးတွင် ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးသည့် အကြမ်းဖက်စစ်တပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

တနင်္သာရီတိုင်း၊ ကော့သောင်းနဲ့ ခမောက်ကြီးမြို့နယ်မှာ ရေကြောင်းလမ်းအတိုင်း စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၂ ရက်ဆက်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

ခင်ဦးနယ်အရှေ့ဘက် စစ်ဘေးရှောင်များနေထိုင်သည့်နေရာကို စစ်အုပ်စုကဗုံးကြဲ၍ ဒေသခံ သုံးဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်အရှေ့ဘက်က စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို စစ်အုပ်စုကဗုံးကြဲလို့ ဒေသခံ သုံးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်က လေယာဥ်ဖြင့် ရိက္ခာဖြည့် စစ်ကြောင်းထိုးနေ၊ ကလေးတောင်ပိုင်းကိုလည်း ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်အုပ်စုက လေယာဥ်နဲ့ ရိက္ခာဖြည့်ပြီး စစ်ကြောင်းထိုးဝင်ရောက်နေသလို စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်ကစလို့ မြိုင်မြို့နယ်အနောက်တောင်ပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ စစ်အုပ်စုဟာ ဓားစာခံအရပ်သား၃ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာ မြို့နဲ့ ၄မိုင်အကွာက စက်မှု (၂) ခေါ် မြိုင်အခြေစိုက် တကစ(၂) စက်ရုံထဲမှာ အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။
Read More

လက်ရုံးတပ်များ တဖြည်းဖြည်း ပြုတ်ကျလာနေသည့် စစ်ကောင်စီ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ အမှတ် ၂ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ် (စလစ ၂) နဲ့ အမတ (၃၆၆) တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read More

တောင်တွင်းကြီးတွင် PDF များကို စိန်ခေါ်သည့် ကြံ့ခိုင်ရေးပါတီဝင်လင်မယား ရှင်းလင်းခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာက PDF တွေကို စိန်ခေါ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ထောက်တိုင် ကြံ့ခိုင်ရေးပါတီဝင် မြင့်စိန်နဲ့ ဇနီးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေး တောင်တွင်းကြီး အထူးပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။