”ကျွန်တော် ရိုးရိုးရှင်းရှင်းပဲ သူတို့ကို တောင်းဆိုခဲ့ပါတယ်။ကျွန်တော့် မေမေ နဲ့ စကားပြောခွင့်ပေးပါ။ ကျွန်တော့်ဟာ မေမေ့ရဲ့ သားတစ်ယောက် ဖြစ်တယ်။သားတစ်ယောက်ရဲ့အခွင့်အရေးကို ပေးပါ။ လူ့ဂုဏ်သိက္ခာကို အနည်းငယ်လေး ပေးပါ ဆိုပြီး တောင်းဆိုခဲ့တယ်။ကျွန်တော် ဒီလိုတောင်းဆိုတာကို သူတို့ဘက်က ဘာမှ ပြန်မပြောလာပါဘူး။ဒါကြောင့် ကျွန်တော် အခုလို နေရာအနှံ့သွားပြီး ပြောဆိုနေပါတယ်။နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ သားတစ်ယောက်အနေနဲ့ ပြောရတာပါ”

ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ သားတစ်ဦးအနေနဲ့ စစ်အုပ်စုကို တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

“ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ မဲပေးခဲ့ကြတာမို့ ကျနော့်မေမေကို ရွေးချယ်ခဲ့ကြပါတယ်။ သေနတ်ကိုင်ထားတဲ့လူတွေကတော့ တမျိုးတွေးခဲ့ကြပြီး သူတို့ ရွေးကောက်ပွဲကို ခိုးယူခဲ့ကြတယ်။ ပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်မှုကိုပါ ဓားပြတိုက်ခဲ့ကြတယ်။ မြန်မာပြည်သူတွေက လက်မခံဘူး၊ မရဘူးလို့ ပြောနေကြပါတယ်။ သူတို့ရဲ့ လွတ်လပ်မှုကို အလုခံမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတယ်။ မြန်မာပြည်သူတွေဟာ အနိုင်မရမချင်း ရပ်မှာမဟုတ်ဘူးလို့ ကျနော် ပြောပြချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ပြီး မြန်မာပြည်သူတွေအတွက် ကြောက်ရွံ့မှုကင်းလွတ်တဲ့နေ့ကို မရောက်မချင်း သူ့အနေနဲ့ ‌အေးအေးဆေးဆေး နေနိုင်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်ဖက်စစ်တပ်လေကြောင်းက ချပေးသည့် ရိက္ခာထုတ်ကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုတ်ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပခုက္ကူမြို့တွင် စစ်သားများ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါတဲ့ ၄ ယောက်လုံး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့ မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ မော်တော်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေပြီး သေနတ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်၏ အပတ်စဉ် (၆) အခြေခံစစ်သင်တန်း လေ့ကျင့်မှုများ (ရုပ်/သံ)

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း တက်ရောက်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေမှု မှတ်တမ်းရုပ်သံကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

သား သတိရတယ် မေမေ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ကြောင်း ဗီဒီယိုအတိုလေးကို ဒီဇင်ဘာ ၂၂ရက်မှာ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
Read More

စလင်းမြို့နယ် အကြမ်းဖက်စစ်တပ် အထိုင်ချဂိတ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်အုပ်စု ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအထိုင်ချဂိတ်စခန်းကို မတ်လ ၄ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

ဗန်းမော်လေဆိပ်ရဲ့ နေရာအများစုကို KIA ထိန်းချုပ်ရယူထား၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (ရုပ်/သံ)

ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။