ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းတွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ရဲ့ ကွပ်ကဲမှုနဲ့အတူ အမှတ် (၃၈၀၂) တပ်ရင်း ၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်ဘက်က ၁၅ယောက်ထက်မနည်း သေဆုံးကာ ၁၂ယောက်ကို တော်လှန်ရေးတပ်တွေ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်အစုံ (၁၉) လက်နဲ့အတူ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Video-သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂
0 Shares:
You May Also Like
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား လက်နက်ကြီးနှင့် လေကြောင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အငြင်းပွားမှု ပြဿနာကြီးထွားလာပြီး နှစ်ဖက်စစ်တပ်တွေက လက်နက်ကြီးတွေ၊ လေကြောင်းတွေ အသုံးပြုကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရသည့် စစ်သား ၇ ယောက် ဆားလင်းကြီးပအဖထံ အလင်းဝင် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံထားရတဲ့ စစ်သား ၇ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့အတွင်း ညအချိန် အကြမ်းဖက်စစ်တပ် ကြဲချခဲ့သည့် ဗုံးပေါက်ကွဲမှုပြင်းအား (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Read More

မြဝတီမြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းကုန်းကို နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စစ်‌ကောင်စီရဲ့ ဘုရင့်နောင်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Read More

အမ်းမြို့ကို စစ်ကူသွားမယ့် ရှေ့ပြေးကင်းထောက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ၁၄ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံမှာ ဒီဇင်ဘာ ၂၀ ရက်က  အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောင်စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ အရပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် နမ္မတူမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ယောက်သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။