အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဗုံးကြဲသတ်နေသလို ပြည်သူတွေရဲ့ အသံကို ပိတ်ပင်ဖို့ ကြိုးစားနေကြောင်း၊ ဒါတွေကို ကမ္ဘာကြီးက မျက်ကွယ်ပြုနေပေမယ့် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဒီနေ့ ပြောပါတယ်။

“စစ်အာဏာရှင်တွေဟာ လွန်ခဲ့တဲ့ ၂ရက်ကပဲ ဘာသာရေးပွဲတော်တစ်ခုမှာ အရပ်သားတွေကို ဗုံးကြဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ကာ အများအပြားကို ဒဏ်ရာရစေခဲ့တဲ့ တရားခံဖြစ်ပါတယ်။ သူတို့ ဗုံးကြဲတယ်၊ သတ်ဖြတ်တယ်၊ ဖျက်ဆီးတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ လုပ်နိုင်နေလို့ပါ။ ကမ္ဘာကြီးက မျက်ကွယ်ပြုနေလို့ပဲ ဖြစ်ပါတယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ရွေးချယ်မှုတွေနဲ့အတူ အနိုင်ရခဲ့ပေမယ့် စစ်တပ်က မတရားအာဏာသိမ်းပြီး ပြည်သူတွေရဲ့ လွတ်လပ်မှုကို ခိုးယူခဲ့ကြောင်း၊ ဒါကို ပြည်သူတွေက လက်မခံဘဲ တိုက်ပွဲဝင်ရာမှာ အနိုင်မရမချင်း ရပ်တန့်မှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ကိုထိန်လင်းက ပြောခဲ့ပါတယ်။

“ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ မဲပေးခဲ့ကြတာမို့ ကျနော့်မေမေကို ရွေးချယ်ခဲ့ကြပါတယ်။ သေနတ်ကိုင်ထားတဲ့လူတွေကတော့ တမျိုးတွေးခဲ့ကြပြီး သူတို့ ရွေးကောက်ပွဲကို ခိုးယူခဲ့ကြတယ်။ ပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်မှုကိုပါ ဓားပြတိုက်ခဲ့ကြတယ်။ မြန်မာပြည်သူတွေက လက်မခံဘူး၊ မရဘူးလို့ ပြောနေကြပါတယ်။ သူတို့ရဲ့ လွတ်လပ်မှုကို အလုခံမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတယ်။ မြန်မာပြည်သူတွေဟာ အနိုင်မရမချင်း ရပ်မှာမဟုတ်ဘူးလို့ ကျနော် ပြောပြချင်ပါတယ်” လို့ ဆိုပါတယ်။

စစ်အုပ်စု ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကိုထိန်လင်းက သားတစ်ယောက်အနေနဲ့ တွေ့ဆုံခွင့် တောင်းဆိုနေပေမယ့် ဘာမှတုံ့ပြန်မှုမရှိတာကြောင့် အမေဖြစ်သူရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“ဒီအချိန်မှာ ကျနော့်မေမေရဲ့ ကျန်းမာရေးအတွက် တကယ်ကို စိုးရိမ်ပူပန်မိပါတယ်။ စစ်တပ်က မေမေလိုအပ်နေတဲ့ ဆေးကုသမှုတွေကို ပိတ်ပင်ငြင်းပယ်ထားပါတယ်။ ကျနော် ရိုးရိုးရှင်းရှင်းပဲ သူတို့ကို တောင်းဆိုခဲ့ပါတယ်။ ကျနော့်မေမေနဲ့ စကားပြောခွင့်ပေးပါ။ ကျနော်ဟာ မေမေ့ရဲ့ သားတစ်ယောက်ဖြစ်တယ်။ သားတစ်ယောက်ရဲ့အခွင့်အရေးကို ပေးပါ။ လူ့ဂုဏ်သိက္ခာကို အနည်းငယ်လေး ပေးပါဆိုပြီး တောင်းဆိုခဲ့တယ်။ ကျနော် ဒီလိုတောင်းဆိုတာကို သူတို့ဘက်က ဘာမှပြန်မပြောလာပါဘူး။ ဒါကြောင့် ကျနော် နေရာအနှံ့သွားပြီး ပြောဆိုနေပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ သားတစ်ယောက်အနေနဲ့ ပြောရတာပါ။” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ပြီး မြန်မာပြည်သူတွေအတွက် ကြောက်ရွံ့မှုကင်းလွတ်တဲ့နေ့ကို မရောက်မချင်း သူ့အနေနဲ့ ‌အေးအေးဆေးဆေး နေနိုင်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံ ၁၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင် ထွက်ပြေးနေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ဖြူးမှာ တိုက်ပွဲတွင်း စစ်သုံ့ပန်း ၂ဦးကို အရှင်ဖမ်းမိပေမဲ့ သေနတ်လု ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရဟုဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်း စစ်သား ၂ဦးကို အရှင်ဖမ်းမိခဲ့ပေမယ့် စစ်ဆေးနေစဉ်အတွင်း သေနတ်လု ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဖြူးမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ဖြူးမြို့နယ်၊ ဇေယျာဝတီ အရှေ့တောင်ဘက်၊ ကြပ်ကွင်းကျေးရွာ၊ ကြပ်ကွင်းတာဝါတိုင်အနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်မှာ လက်နက်ကြီးကျလို့ ကလေး ၂ဦး ထိခိုက်ဒဏ်ရာရ၊ ၁ဦး ဒဏ်ရာပြင်းထန်

“သူတို့က လက်နက်ကြီးနဲ့ ပစ်နေတာ ၄-၅ ခါလောက်ရှိနေပြီ။ ဒီတစ်ခေါက်မှာမှ လူထိခိုက်သွားတာပေါ့နော်။ ထိသွားတဲ့ ကလေးတွေက ၁၆-၁၇ ဝန်းကျင်အရွယ်တွေပါ။ မိန်းကလေး ၁ဦးကတော့ တော်တော်စိုးရိမ်ရတယ်။ နောက် ၁ဦးကတော့ လက်ထိသွားတယ် ဒါပေမယ့် မစိုးရိမ်ရပါဘူး” လို့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ရဲဘော်ကိုမိုးသီးက မောင်းကို ပြောပါတယ်။
Read More

သာကေတက အငြိမ်းစားရဲမှူးဟောင်းကို AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး

ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၇ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစား ရဲမှူရဟောင်း ဦးရွှေဇံ ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ်မှာ မြို့နယ်ပကဖ က ကာကွယ်ရေးဝန်ကြီးဌာနထုတ် စစ်သတင်းလွှာများကို ဖြန့်ဝေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အပတ်စဥ် ထုတ်ဝေတဲ့ စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။