အာဏာသိမ်းစစ်ကော်မရှင်က နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပဖို့ ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ ကို စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်အထိ သတ်မှတ်ထားပြီး ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စိစစ်အတည်ပြုထားတဲ့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေဟာ ထုတ်ပြန်ထားတဲ့ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း ကန့်သတ်ချက်တွေကို လိုက်နာရမယ်လို့လည်း သတိပေးထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ်လို့ ကြေညာထားတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၆ ပါတီ၊ တိုင်းနဲ့ပြည်နယ်အလိုက် ၅၁ ပါတီ၊ စုစုပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဥ်ပြိုင်ဖို့ ရှိနေပြီး ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် စာရင်းပေးထားတယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ပဲခူးမြို့နယ် ပါတီဝင်မိသားစုများ တွေ့ဆုံစဥ်



‌ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်၊ ဒုတိယပိုင်းကို မြို့နယ် ၁၀၁ မြို့နယ်မှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီနောက် ကျန်တဲ့မြို့နယ်အချို့မှာ ဆက်လက်ကျင်းပမယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ကို ထောက်ခံတဲ့ နိုင်ငံတချို့က လက်ခံထားပေမယ့် ပြည်သူအများစုနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်ထားသလို အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကလည်း သူတို့စိုးမိုးရာဒေသတွေမှာ ရွေးကောက်ပွဲမဖြစ်မြောက်အောင် တားဆီးမယ်လို့ ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ကပစ (၂၁) နှင့် ကပစ (၂၅) ကို သွယ်တန်းထားသော မီးလိုင်းအား တော်လှန်ရေးတပ်များ ဖျက်ဆီးနိုင်ခဲ့ 

မကွေးတိုင်းထဲက  စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေဖြစ်တဲ့ ကပစ (၂၁) နဲ့ ကပစ (၂၅) ကို သွယ်တန်းထားတဲ့ မီးတိုင် ၄ တိုင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ် မြှုပ်နှံထားခဲ့သည့် အလောင်း ၃ လောင်း တူးဖော်တွေ့ရှိ…

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လှိုင်သာယာမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ကြီး အပစ်ခံရမှုကြောင့် စစ်တပ်က ပိတ်ဆို့စစ်ဆေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ အမှတ် ၁၁ ရပ်ကွက် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။