ပဲခူးတိုင်း၊ ပေါင်တည်မြို့နယ်၊ ရေဆည်ကြီးရွာမှာ နေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဟာ စစ်မှုထမ်းကိစ္စတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကိစ္စတွေမှာ အားတက်သရော ပါဝင်ကူညီနေတဲ့အတွက် အဆိုပါအုပ်ကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက၊ ည ၈ နာရီဝန်းကျင်အချိန်မှာ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၅) ရဲဘော်တွေက အဆိုပါ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ရဲ့ နေအိမ်ကို သွားရောက် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးဝင်းမြင့်ဟာ စစ်ကော်မရှင်အတွက် လူငယ်လူရွယ်တွေကို စစ်မှုထမ်းစုဆောင်းပေးတာ၊ စစ်အုပ်စုရဲ့ ဟန်ပြရွေးကောက်ပွဲကို အားတက်သရော ပါဝင်ကူညီလုပ်ဆောင်ပေးတာတွေကြောင့် အခုလို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို ရှင်းလင်းပြီးနောက်မှာ စစ်ကော်မရှင်ဘက်က ည၁၀ နာရီအချိန်မှာ ရေဆည်ကြီးကျေးရွာကို ရောက်ရှိလာပြီး နွားခြံကုန်းရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၁လုံး၊ နွားခြံကုန်းရွာ ဆည်ဘောင်ပေါ်ကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် အုပ်ချုပ်ရေးမှူး ဝင်းမြင့်
0 Shares:
You May Also Like
Read More

ရွှေဘိုတွင် ရွေးကောက်ပွဲအတု လက်မခံကြောင်း လက်ဗွေနှိပ် ဆန္ဒပြ

အာဏာသိမ်းစစ်တပ် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ဟန်ပြကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို လက်မခံ ဆန့်ကျင်ကြောင်း လက်ဗွေနှိပ် ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁ဦးကို အပိုင်းပိုင်း ခုတ်သတ်ကာ အခန်းအပြင်ဘက် စွန့်ပစ်ခဲ့၊ စစ်အုပ်စုလက်အောက်တွင် ပြည်သူများ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်မှု မြင့်တက်နေ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ ဆီ ညောင်ကိုင်းပျူစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တိုက်နယ်(၃) နယ်မြေ၊ ညောင်ကိုင်းကျေးရွာ ပျူစောထီးစခန်းက ပြည်သူ့စစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦးနယ်မြေအတွင်း ပြည်သူကို အနိုင်ကျင့်ငွေညှစ်နေသည့် ကာကွယ်ရေးတပ်အမည်ခံ လက်နက်ကိုင်များအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်

မန္တလေးတိုင်း၊ ညောင်ဦးနယ်မြေအတွင်း PDF အမည်ခံပြီး အရပ်သားတွေကို ပြန်ပေးဆွဲ ငွေတောင်းတာ၊ ဆက်ကြေးကောက် အနိုင်ကျင့်တာတွေလုပ်ဆောင်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ညောင်ဦးနယ်မြေအတွင်း အရပ်သားတွေကို ခေါင်းစဥ် အမျိုးမျိုးတပ် ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခံတာ၊ လက်နက်ပြ ဆက်ကြေးသဘောမျိုး ကောက်ခံတာတွေရှိနေပြီး တော်လှန်ရေးပုံရိပ် ကျဆင်းမှုတွေ ဖြစ်နေတာကြောင့် အခုလို အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။