ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ်နဲ့ နေ့လယ် ၃ နာရီ ၂ မိနစ် အချိန်တွေမှာ စစ်ကော်မရှင်တပ်က ဆောထိမြို့နယ်၊ ကွင်းဒလလေး၊ ညောင်ပင်ကြီး၊ သက်ကယ်ကုန်းကျေးရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အတွင်း ပေါင် ၅၀၀ ဗုံး ၂၄ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကွင်းဒလလေး ကျေးရွာက အသက် ၁၈နှစ်အရွယ် မခင်စံပယ်ဦး သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် မောင်ဇင်မင်းအောင် ထိခိုက်ဒဏ်ရာရခဲ့သလို သက်ကယ်ကုန်းရွာကို စစ်ဘေးရှောင် ရောက်ရှိနေတဲ့ ကွင်းဒလလေးရွာသူ ဒေါ်မွေး (၅၉ နှစ်) လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သလို ညောင်ပင်ကြီးကျေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်း၊ မင်္ဂလာကုန်းကျေးရွာက ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ သက်ကယ်ကုန်းကျေးရွာက စာသင်ကျောင်း ၁ ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက သူတို့ အာဏာတည်မြဲဖို့အတွက် သူတို့အုပ်ချုပ်ရာ ဒေသတွေမှာ အတုအယောင် ရွေးကောက်ပွဲ အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးစားနေသလို လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေမှာလည်း ပြည်သူတွေကို အကြောက်တရား ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရေဖြူမှာ စစ်ကောင်စီက နုဘုလယ် ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အကောင်အထည်ဖော်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၊ လက်နက်နဲ့ ဒရုန်းတွေကို သယ်ဖို့ကြိုးစားနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ရေကြောင်းကနေ ဒရုန်းနဲ့ လက်နက်ခဲယမ်းသယ်ယူရင်း အခြေစိုက်စခန်းဆီပို့ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် စစ်တပ်ဗုံးသီး နေအိမ်ပေါ်ကျကာ သားအဖ ၂ ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သားအဖ နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကနားရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးကို ကာကွယ်ရေး တပ်ဖွဲ့မှ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ကနားရဲစခန်းက ဒုတပ်ကြပ် တစ်ယောက် ကို အရှင်ဖမ်းဆီးရမိ ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စဉ့်ကိုင် မြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက် ၁ လက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။