စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်လောက်က စလို့ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိန်းမကားကနေ အင်အား ၁၀၀ ဝန်းကျင်နဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိနေပါတယ်။

ဒီနေ့အောက်တိုဘာ ၁၅ ရက်နေ့မှာလည်း စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အင်ဒေါင်းရွာတောင်ဘက်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ Wetlet Informational Network တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါစစ်ကြောင်းကြောင့် အင်ဒေါင်း၊ ငါးတိုက်တောင်၊ မအိုက်တောင်၊ မင်းကုန်းလေးနဲ့ ပုံအင်းတိုက်စတဲ့ ကျေးရွာ ၅ ရွာလောက်က အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“စစ်ကြောင်းက ၁ လပြည့်ဖို့ ၂ ရက်ပဲ လိုတော့တာပေါ့နော်။ အင်အားခန့်မှန်း ၁၀၀ ဝန်းကျင်မှာရှိတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ကို အလွတ်ကြီးထိုးတာပါ” လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ ဝက်လက်မြို့နယ် ရှိမ္မကား‌ကျေးရွာက ထွက်လာတဲ့ စစ်ကြောင်းတွေအပြင် ဆားတောင်မြို့မြောက်ဘက်နဲ့ ရွှေဘိုမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေလည်း ရှိနေပါသေးတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်အနောက်ခြမ်းမှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်အုပ်စု ထိတွေ့တိုက်ပွဲတွေ ရှိနေတာကြောင့် စစ်အုပ်စုက အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ၊ ပါရာမော်တာနဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်၊ မနေ့ကနေ့လည်ပိုင်းမှာလည်း ဝက်လက်မြို့နယ် သမန်သာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ပါရာမော်တာ (၂) စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးတဲ့ ဗုံးသီး (၁) လုံးကိုလည်း ရွှေဘိုခရိုင်တပ်ရင်း (၁) နဲ့ ဝက်လက်မြို့နယ်ပကဖ တို့ ပူးပေါင်းရှင်းလင်းပေးခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာလည်း ဝက်လက်မြို့အနောက်ခြမ်း ရွာသာကြီးကျေးရွာကို စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

ရေးမှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး ရာမညပြောက်ကျားတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ပြည်သူ့စစ် စစ်သင်တန်းဆင်း ၁ဦး လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့  ရာမညပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ကျိုက်ထိုနဲ့ ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်

ကျိုက်ထိုနဲ့ ဘီးလင်းမှာ  စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

KNU နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံ

ကရင်အမျိုးသားအစည်းအရုံး - KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။