မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၃ ရက်က တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာအဝင်လမ်းဘေးရှိ ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီးထိမှန်ပြီး စစ်ကော်မရှင်တပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ စုံစမ်း သိရှိရကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ ရုံးစည်ကြီးကျေးရွာအတွင်း သေနတ်တစ်ချက်ဖောက်ရင် အရပ် သားပြည်သူနေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းသားကြီးစစ်ကြောင်းက ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – MDA 3 Info Page

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ပေါ် ဖမ်းဆီးရမိသည့် စစ်ကောင်စီထုတ်အရက်များကို ပိုင်ရှင်ရှေ့မှောက်တွင် ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ တားဆီးထားတဲ့ စစ်ကောင်စီထုတ်အရက်တွေကို ပိုင်ရှင်ရဲ့ ရှေ့မှောက် ဖျက်ဆီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထား
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ခရီးသွားပြည်သူတွေကို ဂိတ်ချပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ သေနတ် ၁ လက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီကွေ့မှာ ဂိတ်ချပြီး ခရီးသွား ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ Federal Polaris Force အဖွဲ့ထံက သိရပါတယ်။
Read More

မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် စစ်သား ၂ ဦး သေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မြင်းခြံမြို့နယ် စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို Fixed Wing Drone တွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စွန်းလွန်းအကြမ်းဖက်စစ်တပ်ဂိတ်ကို အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၈) တပ်ရင်းထံက သိရပါတယ်။