ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၅ရက် ဒီမနက်အစောပိုင်းမှာ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြင်းအားမြင့်မိုင်း ၁လုံးနဲ့ လက်ပစ်ဗုံး ၂လုံး ပစ်ခတ်နိုင်ခဲ့တာကြောင့် ကြံ့ခိုင်ရေးရုံးကို လုံခြုံရေးယူပေးနေတဲ့ အပြာဝတ်သူတွေပါ ထိခိုက်နိုင်တယ်လို့ Yangon Army (YA) တာဝန်ရှိသူက ပြောပါတယ်။

“ရုံးဖွင့်ချိန် စောင့်ပြီးတွယ်တာပါ။ ထိခိုက်မှုကတော့ရှိမှာပါ။ ကျနော်တို့မိုင်းကို အေးဆေးထောင်ခဲ့ရတာဆိုတော့။ နောက်ပြီး လက်ပစ်ဗုံးနဲ့ပါပစ်ခွဲခဲ့တယ်။ အဲ့မှာ ရပ်ကွက်လုံခြုံရေးအတွက် ခန့်ထားတဲ့ အပြာဝတ်ကောင်တွေပါရှိတယ်။ သူတို့ပါထိနိုင်တယ်။”လို့ Yangon Army( YA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုအပြီး ပြောက်ကျားတပ်ဖွဲ့ဝင်တွေလည်း ဘေးကင်းရာဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးယောက်ပွဲ ကျင်းပဖို့အချိန် သိပ်မလိုတာကြောင့် အဆိုပါရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားကြတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။

Yangon Army (YA) အပါအဝင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်တစစ်တပ်ရဲ့ အတုအယာင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက် လုပ်ကိုင်ကြမယ့်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့လည်း ကြေညာထားကြပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ အကြမ်းဖက်စစ်တပ်လက်ပါးစေ အင်အားကြီးပါတီတစ်ခုဖြစ်ပြီး စစ်ခေါင်းဆောင် ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ နေရာရဖို့ အရပ်သားပြည်သူတွေကို မက်လုံးပေးလိမ်လည်မဲဆွယ်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးတင်းမာနေသည့် စလင်းမြို့နယ်မှာ အရပ်သားပစ်မှတ်များရှိရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သား ၁ ဦးသေပြီး ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတော်ပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဗန်းမော်၊ မိုးမော်လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဆိုင်းတောင်အနီးက လူနေအိမ်တွေကို စစ်ကောင်စီ မီးရှို့

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်အနီးက နေအိမ်တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မီးရှို့ဖျက်ဆီးမှု အချို့ပြုလုပ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်လာပါတယ်။
Read More

စက်တပ်လေထီးတွေကို တန်ပြန်ခြိမ်းခြောက်ဖို့ လိုအပ်နေပြီလား

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်က တော်လှန်ရေးအင်အားစုတွေကို ဖယ်ရှားဖို့၊ သူတို့အပေါ် ဆန့်ကျင်မှုတွေကို ဖိနှိပ်ဖို့၊ ပြည်သူလူထုကို အကြောက်တရားသွင်းဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။ 
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ ခလရ ၂၈၅ က စစ်သား(၂)ဦး တနင်္သာရီမြို့နယ် ပကဖ ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်ရင်းက စစ်သား (၂) ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီက ရေဘေးသင့်ပြည်သူတွေအတွက် အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင် PDF) ထောက်ပို့ပံ့ပိုးခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF)က ရေဘေးသင့် ပြည်သူများလိုအပ်နေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေက ပေးပို့လာတဲ့ ဆန်၊ဆီ နဲ့ခေါက်ဆွဲခြောက် (စားနပ်ရိက္ခာတချို့)ကို ‌ကရင်နီဒေသအတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။