တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေဆုံးပြီး ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ ၆ ယောက် လွတ်မြောက်လာတယ်လို့ လောင်းလုံးပကဖက သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက လောင်းလုံးမြို့ပေါ်ကနေ နီးစပ်ရာရွာတွေမှာ ပေါ်တာဆွဲ ဖမ်းဆီးဖို့ ရောက်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို တောတွင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၆ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ပြည်သူ ၆ ယောက်လွတ်မြောက်လာပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ခဲယမ်းနဲ့ ကျောပိုးအိတ်တချို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ တပ်ဆုတ်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video – လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ် ထွေအုပ်ရုံးမှာ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးကားလမ်းမကြီးမှာ အိမ်စီးကားနဲ့ လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ပွင့် ဗိုလ်အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ BRAVE HEART ARMYမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ဖလမ်းမြို့ မြင်ကွင်း (ရုပ်/သံ)

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂ ရက်က တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစခန်းကို နိုဝင်ဘာ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။