မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ ထနှောင်းကုန်းပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပုဂံဂဠုန်တပ်က မနေ့က အောက်တိုဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ထနှောင်းကုန်းပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပုဂံဂဠုန်တပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Garuda Secret Force

0 Shares:
You May Also Like
Read More

လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁  ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့   မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ  

ကရင်နီပြည်နယ် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်‌ရွှေမြို့နယ် ‌ရေပူ (ထီခိုး)ရွာအနီး စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး PNO ၄ ယောက် သေ၊ ၄ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရေပူ(ထီခိုး)ရွာအနီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေနဲ့ တော်လှန်ရေး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပန်းဘဲတန်းမြို့နယ် PPP ကိုယ်စားလှယ်က အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ နာမည်ကြီးအကနဲ့ ကပြမဲဆွယ် (ရုပ်/သံ)

''ဒီလို ကျပ်မပြည့်တဲ့ကောင်တွေက လွှတ်တော်အမတ်ဖြစ်ချင်နေတာက ‌ေ‌-ာက်ပြဿနာ၊ ဒီလိုအခြေနေမျိုးမှာ ပြည်သူ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူရဲ့ ဆဲဆိုသံ လှောင်ပြောင်သံတွေကို မသိကြတာလား …. တိုင်းပြည်အရေးထက် ခေတ်ပျက်မှာ အချောင်အမတ်ဖြစ်မလားဆိုပြီး ဝင်ပြိုင်နေကြသူတွေချည်းပဲ'' လို့ Facebook သုံးစွဲသူတွေက မှတ်ချက်ပြုရေးသားထားပါတယ်။
Read More

ပစ္စည်းကိရိယာ မစုံလင်တဲ့ကြားက ပြည်သူ့ကာကွယ်ရေး ရဲဘော်များ မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဖောက်ခွဲရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကြောင့် ပြည်သူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိစေရေးအတွက် ၄၀ မမ ဗုံးသီးတစ်လုံးကို ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။