တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အမတ (၃၀၂) ထဲကို လက်နက်ခဲယမ်းပို့ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူရကစစ်ကြောင်းထံက သိရပါတယ်။

အောက်တိုဘာ ၁၃ရက် မနက် ၁၀ နာရီလောက်မှာ လက်နက်ခဲယမ်းပို့ဖို့ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ မောင်မယ်ရှောင်ကျေးရွာအတွင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်သား ၅ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုက မောင်မယ်ရှောင်ကျေးရွာအတွင်းမှာပါ။ ၅ယောက် ကျသွားတာကို မျက်မြင်တွေ့ပါတယ်။ ထိခိုက်ကတော့ မသိရသေးဘူး။ ရဲဘော်တွေတော့ အထိအခိုက် မရှိပါဘူး” လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်တပ် သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကတော့ ခမရ (၄၀၆) ထဲကို ရောက်ရှိသွားပြီဖြစ်ပြီး စစ်သားတချို့ကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာ အနီးတဝိုက်မှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားရာ မောင်မယ်ရှောင်ကျေးရွာ ဒေသခံတွေကတော့ စစ်တပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတာ ၂နှစ်ဝန်းကျင်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီက လက်နက်ကြီးနဲ့ ထုထုနေတာကြောင့် ရွာထဲ လူမနေတော့တာ ကြာပါပြီ။ ရွာပျက်ကြီးလို ဖြစ်နေပါတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ယူသွားကြတာ ဘာမှမကျန်တော့ဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဒူရကစစ်ကြောင်းဟာ အောက်တိုဘာ ၅ရက်နေ့ကလည်း ရေဖြူမြို့မရဲစခန်းနဲ့ ထားဝယ်မြို့ ဝန်ကြီးအိမ်ရာအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ယောက်သေ…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၂ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးကာပြန်လည်ဆုတ်ခွာသွားတယ်လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

လောင်းရှည်မှာ စစ်တပ်နဲ့ PDF တွေ ၂ရက်တာ တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်က ၃ ယောက် သေပြီး၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force - Saw ထံက သိရပါတယ်။
Read More

မဲဆောက်တွင် မြန်မာတစ်ဦး ထိုင်းရဲကို သေနတ်နှင့်ပစ်ခတ်ပြီး ထွက်ပြေးသွားဟု ဆို

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်က ဖောင်းစက်ရုံနဘေး 7-Eleven စတိုးအနီးမှာ မြန်မာတစ်ဦးက ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 
Read More

ချောက်မှာ မြေပဲနူတ်သွားတဲ့ ရွာခံအမျိုးသားတွေ ပေါ်တာဆွဲဖမ်းဆီးခံရ၊ စစ်အုပ်စုက အနီးအနားကျေးရွာတွေကို မျိုးစုံဖိနှိပ်ပြီး စစ်​ကြောင်းဝင်ဓားပြတိုက်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြေပဲနုတ်သွားတဲ့အမျိုးသား ၁၈ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ရက် ၂၀ ကျော်လာချိန်အထိ မိသားစုနဲ့ အဆက်သွယ်လုပ်ခွင့်မပေးဘဲ တစ်နေရာဆီ ပို့ဆောင်လိုက်သလို ဒေသခံတွေကိုလည်း ဖိနှိပ်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။