အာဏာသိမ်းစစ်တပ် လက်အောက်မှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ နေ့စဥ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို ခြိမ်းခြောက်မှုတွေထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပ‌ဒကလည်း ကြီးကြီးမားမား သက်ရောက်မှုရှိနေပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက လူငယ် ၃ယောက်မှာ ၁ယောက်နီးပါးက အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ယူခံရနိုင်ခြေကို စိုးရိမ်နေကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် UNDP Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်မျက်နှာပေါင်းစုံမှာ အသေအပျောက်များနေတဲ့ စစ်အုပ်စုက သူတို့ရဲ့ အင်အားလျော့နည်းမှုကို ဖြည့်တင်းဖို့နဲ့ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းခဲ့ပြီး အပတ်စဥ် တစ်ခုကို လူ ၅၀၀၀ ခေါ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစလို့ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းတဲ့နေရာမှာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် မဲနှိုက်ရွေးချယ်မှုတွေ ရှိခဲ့ပေမယ့် အဲဒီပြင်ပကနေ ပေါ်တာဆွဲဖမ်းဆီးတာတွေ၊ အကြောင်းအမျိုးမျိုးပြ အကြမ်းဖက်ခေါ်ဆောင်သွားတာတွေ၊ ပြန်ပေးဂိုဏ်းသဖွယ် လူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေ ရှိနေပါတယ်။

စစ်မှုထမ်းခေါ်ယူမှုနဲ့ ပတ်သက်တဲ့ ကြောက်ရွံ့မှုဟာ လူငယ်အမျိုးသားတွေ၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုက လူငယ်တွေအပေါ်မှာ စိတ်ဖိစီးမှု ပိုမိုဖြစ်ပေါ်စေတယ်လို့လည်း UNDP က ဆိုပါတယ်။

စစ်တပ်က မြို့ကြီးပြကြီးတွေမှာတောင် ညဘက်အချိန်အခါတွေမှာ အလုပ်ကပြန်တဲ့ လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိနေပါတယ်။ လူငယ် ၁၀ ယောက်မှာ ၄ယောက် (၄၀ %) က ညဘက်တစ်ယောက်တည်း လမ်းလျှောက်ရင် မလုံခြုံဘူးလို့ ခံစားနေရပြီး ဒီနှုန်းထားဟာ အာဏာမသိမ်းခင် ကာလတွေထက် ၂ဆကျော် ပိုများလာတာဖြစ်တယ်လို့ UNDP က ဖော်ပြထားပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်ရှိမှာ မတရားစစ်မှုထမ်း အပတ်စဥ် (၁၈) အတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆေးဝါးကျွမ်းကျင်သူများပါဝင်မည့် အမေရိကန် ခရစ်ယာန်အဖွဲ့ Samaritan’s Purse ငလျင်ဒဏ်သင့်ဒေသများကို လာရောက်ကူညီမည်

အမေရိကန်နိုင်ငံက ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ခရစ်ယာန်အဖွဲ့တစ်ခုဟာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီဖို့ လာရောက်မယ့်အကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန် က သူ့ရဲ့ ဖေ့ဘွတ်(ခ်) စာမျက်နှာကတဆင့် အသိပေးပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကတဆင့် အပစ်ရပ်ပြီး စည်းလုံးညီညွတ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ကော့မြစ်ရေညစ်ညမ်းမှုကိစ္စ မြန်မာနှင့် ဆွေးနွေးရန် ထိုင်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ကော့မြစ်အတွင်း အာဆင်းနစ်ညစ်ညမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို လာမယ့်သတင်းပတ်ထဲ စေလွှတ်မယ်လို့ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။