တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အာဏာသိမ်းစစ်တပ်က မယ်သမီခီး (ထီးခီး) ကျေးရွာကို ဂျက်ဖိုက်တာအသုံးပြုပြီး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရကာ ပြည်သူပိုင် အဆောက်အအုံ ၁လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ လတ်တလောမှာ မယ်သမီခီး (ထီးခီး) ရွာကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့က မယ်သမီခီး (ထီးခီး) ရွာကို ဂျက်ဖိုက်တာ FTC-2000G လေယာဥ်အမျိုးအစားနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ကာ တိုက်လေယာဉ်မှာပါတဲ့ အော်လီဂန်းစက်လက်နက်နဲ့လည်း (၂)ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၈ရက်နေ့တုန်းကလည်း Y-12 လေယာဉ်နဲ့ (၁၀) ကြိမ်အတွင်းမှာတင် ၁၂၀ မမ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ဟာ အာဏာဆက်လက်တည်မြဲဖို့အတွက် သူတို့အုပ်ချုပ်ရာဒေသတွေမှာ အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးပမ်းနေသလို သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေမှာလည်း ပြည်သူတွေကို အကြောက်တရားဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ (၃၅၀)ကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စေတုတ္တရာတွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်သူ၊ ကူညီသူ၊ စည်းရုံးသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပကဖ သတိပေး

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ပါဝင်စည်းရုံးလှုံ့ဆော်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကပစ စက်ရုံများဆီ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတိုင်များကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ဂျိုင်ရိုကော်ပတာများကိုလည်း ပစ်ချနိုင်ရန် ကြိုးစားနေကြောင်း မြိုင်ပကဖ ပြော

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာ​ယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။