ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ခြမ်း၊ ခေါင်းအီးကျေးရွာအုပ်စု၊ ဘောရန်ရွာကို စစ်တပ်နဲ့ PNO ပူးပေါင်းအုပ်စုက အောက်တိုဘာ ၁၃ရက် မနေ့ ညနေပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ခေါင်းအီးကျေးရွာအုပ်စုထဲက မြောက်စလုံးရွာကို PNO ပြည်သူ့စစ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါသေးတယ်။

Video-Karenni Hope

0 Shares:
You May Also Like
Read More

လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် လူနေရပ်ကွက်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့ လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါနစစ်ကြောင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီးကို ဗုံးသီး ထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထုတ်ပြန် (ရုပ်/သံ)

မန္တလေးတိုင်း ဂေါဝန်ဆိပ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော ၂ စီးကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ တစ်စီးကို တည့်တည့်ထိထိမှန်ခဲ့တဲ့ ရုပ်သံဖိုင်ကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရှမ်းနီတပ် (SNA) ၏ ဂျန်မာတင်ယာဉ်ကို KIA ပူးပေါင်းတပ် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာရှိ စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ ရှမ်းနီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်စဉ် ဂျန်မာတင်ယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်သား ၉ယောက် သေပြီး ၄ယောက်ဖမ်းမိတဲ့ အောင်သပြေဂူကုန်း စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အောင်သပြေကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို KNDF ဗျူဟာအမှတ်-၂ က ထုတ်ပြန်လိုက်ပါတယ်။