မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။

အဆိုပါ ဒုတပ်ကြပ် ၂ယောက်ဟာ ကျောက်ထု အမတ ၃၆၈ တပ်ကနေ အောက်တိုဘာ ၉ရက်နေ့မှာ ထွက်ပြေးလာပြီးနောက် ရွာတွေထဲဝင်ရောက်ကာ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အရက်တောင်းသောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ အဆိုပါ ဒုတပ်ကြပ် ၂ယောက်ကို ကျောက်ထု လမ်းပိုင်းတစ်နေရာမှာ ‌ဒေသခံပြည်သူတချို့နဲ့ ကာကွယ်ရေးရဲဘော်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသည့် အမတ ၃၆၈ မှ ဒုတပ်ကြပ် ၂ ဦး


“ဒီကောင်တွေက ၉ ရက်နေ့ နေ့လည် (၁)နာရီလောက်မှာ အရပ်၀တ်တွေနဲ့ ယောမြို့ကျေးရွာထဲ ၀င်လာတယ်။ ရွာထဲမှာ အရက်ရောင်းတဲ့ ပြည်သူတစ်ယောက်ကို သေနတ်ချိန်ပြီး အရက်တောင်းတယ်။ အရက်တွေယူပီးတော့ အရှေ့ဘက်ဘုရားကုန်းဘက်ကို တက်သွားတယ်။ ပိုက်ဆံလိုချင်နောက်ကလိုက်ခဲ့လို့ ပြောသွားတယ် ပြောတယ်။ တောထဲရောက်တော့ သိပ်မကြာဘူး။ သေနတ်သံ (၂) ချက်ကြားရတော့ ရွာသူ၊ ရွာသားတွေလည်း လန့်ကုန်ကြတာပေါ့။ နောက် အဲ့နေ့ည ၇ နာရီကျော်လောက်မှာ ရွာထဲပြန်၀င်လာကြတယ်။ သေနတ် (၁) ချက် ထပ်ဖောက်တယ်။ ရွာထဲလမ်းပေါ်မှာ‌ ရှိနေတဲ့ ပြည်သူတစ်ဦးနား ရောက်လာတယ်။ သေနတ်(၁) ချက် ထပ်ဖောက်ပြီး “ငါတို့က စစ်သားတွေမဟုတ်ဘူး သေချင်လို့လား (၁၅)မိနစ် အချိန်ရမယ် အရက်သွားရှာပေး” ဆိုပြီးပြောတယ်တဲ့။ အဲ့ရွာသားလည်း ကြောက်ကြောက်နဲ့ ခဏစောင့်ပါလို့ပြောပြီး အဲ့နားကနေ ထွက်လာခဲ့ပြီး ခပ်ဝေးဝေးရောက်တော့ ထွက်ပြေးပြီး အန္တရာယ်ကင်းလောက်မယ့်နေရာမှာ ပုန်းခိုနေခဲ့တယ်လို့ သိရတယ်။ နောက်တော့ အဲ့စစ်သားတွေက ရွာထဲကနေ ဘယ်ချိန်ထွက်သွားကြလဲ မသိဘူး။ နောက်ရက်မနက်မှာ pdf ရဲဘော်တွေက ဖမ်းလိုက်ပြီလို့ကြားတာပဲ” လို့ ဒေသခံတစ်ယောက်က ပြောပြကြောင်း ယောအလင်းတန်းက ဖော်ပြထားပါတယ်။

အထက်ပါ ဒုတပ်ကြပ် ၂ယောက် ထွက်ပြေးသွားလို့ ကျောက်ထု အမတ ၃၆၈ က စစ်အင်အား ၁၂၀ ခန့်ဟာ ယောမြို့ ကျေးရွာတွေထဲ အောက်တိုဘာ ၁၀ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လက်ရှိမှာတော့ အဆိုပါစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။
Read More

စစ်ရှောင်အမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကို အကြမ်းဖက်စစ်တပ်က လည်လှီးသတ်ဖြတ်သွားတယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း − မြိုင်ထံမှ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြိုင်မြို့နယ် စက်မှု (၂) ကနေ စစ်ကြောင်း ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၄င်းတို့နဲ့ ပက်ပင်းတိုးတဲ့ တောတိုက်မှာစစ်ရှောင်နေတဲ့ ညောင်ရွာကျေးရွာက အမျိုးသားတစ်ယောက်ကို သရက်ကန်ပျူရွာထဲကို ဖမ်းဆီးခေါ်ဆောင်လာတယ်လို့ ဆိုပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခင်ဦးမြို့နယ် ပကဖ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် လက်နက်များထဲမှ MA1 သေနတ် (၅) လက်ကို တိုက်နယ် ပကဖများထံ ဂုဏ်ပြုပေးအပ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေထဲက MA1 သေနတ် (၅)လက်ကို တိုက်နယ် ပကဖ တွေဆီ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီမြို့တွင် အကြမ်ဖက်စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြန်လည် လုပ်ဆောင်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတာတွေ ပြန်လည် လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။