စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ယင်းမာပင်တပ်ရင်း၆ ဆီက သိရပါတယ်။

ယင်းမာပင်တပ်ရင်း၆ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ခိုင်ဇော်မင်း () ခိုင်မင်းရဲ့ စျာပနကို စက်တင်ဘာ ၃၀ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ရာ ရဲဘော်ရဲ့ အရိုးအိုးပြာကို မိဘတွေရဲ့ ရှေ့မှာ ဂူသွင်းသဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ပင်လယ်ဘူးမြို့မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ခိုင်ဇော်မင်းဟာ စက်တင်ဘာ ၁၈ ရက်က တိုက်ပွဲအတွင်း ဝမ်းဗိုက်ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ကျင်းပရန် ရက်ပေါင်း ၃၂ ရက်အလိုတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုပိတ်သိမ်းတာ ကြေညာမည်ဟု စစ်ကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၂ ရက်သာလိုတော့ချိန်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲအမှုတွေကို ပိတ်သိမ်းဖို့ ဒီနေ့ ည ၈ နာရီသတင်းအပြီးမှာ ကြေညာမယ်လို့ စစ်ကော်မ‌ရှင်ထုတ်ပြန်ပါတယ်။
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သား (၁) ယောက် လက်နက်နှင့်တကွ KNDF ထံ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သား တစ်ယောက်ဟာ ဇန်နဝါရီလ (၂၀) ရက်မှာ လက်နက်နဲ့ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၃၄) က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီ ကြံ့ခိုင်ရေးရုံး လက်ပစ်ဗုံးပစ်ခတ်ခံရပြီး လုံခြုံရေးယူပေးနေသည့် စစ်သား ၂ ဦး ဒဏ်ရာပြင်းထန်နေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်မှုမှာ လုံခြုံရေးယူပေးနေတဲ့ စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ထားကြောင်း လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီ ဗုံးကြဲချ၊ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာမ (၁) ယောက်နဲ့ လူနာ (၁) ယောက် သေဆုံးပြီး ကျန်မားရေးဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတွေအပါ အရပ်သား(၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။