ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၆) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၉)နှစ်အရွယ် လူငယ်အမျိုးသား ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် (၂)ဆောင်နဲ့ ပြည်သူလူထုနေအိမ် (၆) လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၄) ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၂) ယောက် သေဆုံးခဲ့ပြီး ကလေး (၆) ယောက် အပါအဝင် ပြည်သူ (၉) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၆) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ TNLA စိုးမိုးနယ်မြေတွေမှာသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာ စစ်အင်အား၊ လက်နက်ကြီး၊ လေကြောင်း စတာတွေ အသုံးပြုပြီး အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နိုင်ငံတဝန်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ၄ နှစ်တာအတွင်း နိုင်ငံတဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။