အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူတွေဟာ စစ်သား ၁၄ ယောက်နဲ့ ရဲ ၁ ယောက် ဖြစ်ပြီး အလင်းဝင် စစ်သား ၁၄ ယောက်အနက် ၁၀ ယောက်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၁၄ ယောက်ဟာ ချင်းပြည်နယ်က ၂ ယောက်၊ ပဲခူးတိုင်းက ၁ ယောက်၊ ရန်ကုန်တိုင်းက ၂ ယောက်၊ တနင်္သာရီတိုင်းက ၃ ယောက်၊ ကရင်ပြည်နယ်က ၃ ယောက်၊ ကရင်နီပြည်နယ်က ၃ ယောက် ဖြစ်ပြီး ရဲတပ်သားကတော့ မကွေးတိုင်းက ဖြစ်တယ်လို့ သိရပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ကတော့ စစ်သား ၃၁ ယောက်နဲ့ ပြည်သူ့စစ် ၉ ယောက်ဖြစ်ပြီး စစ်သား ၃၁ ယောက်အနက် ၂၃ ယောက်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူတွေဟာ မကွေးတိုင်းက စစ်သား ၂၇ ယောက်နဲ့ စစ်ကိုင်းတိုင်းက ၄ ယောက်တို့ ဖြစ်ပြီး ဖမ်ဆီးရမိတဲ့ ပြည်သူ့စစ် ၉ ယောက်ကတော့  စစ်ကိုင်းတိုင်းက ၇ ယောက်နဲ့ မန္တလေးတိုင်းက ၂ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလ ပထမပတ်အထိ အကြမ်းဖက်စစ်အုပ်စုကနေ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၁၇၆ ယောက်ထိ ရှိပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြို့သိမ်းတိုက်ပွဲများမှ ရရှိခဲ့သည့် ၆၀ မမ စိန်ပြောင်းများဖြင့် ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိထားတဲ့ ၆၀ မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Armed Force - PRAF ထံက သိရပါတယ်။
Read More

တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လို့ ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်မယ်…

ချင်းပြည်နယ်၊ တီးတိန်မြို့ ရှိ စစ်ကောင်စီတပ်က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်သွားမယ်လို့ Chinland Defense Force - Civic Defense Militia - Siyin (CDF-CDM-Siyin) က ထုတ်ပြန်ထားပါတယ်။
Read More

လူစုလူဝေး အသံကြားတာနဲ့ ရေဦးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။