စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိခဲ့တယ်လို့ 96 Solider PDF (အညာဒေသ) ဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ ကူတောရဲစခန်းဆီ စစ်ကူလာရောက်ပြီး ဘုတလင်မြို့ဆီ ပြန်ဆုတ်ခွာသွားတဲ့ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက် မနေ့က မွန်းတည့်အချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာအသီးသီးခွဲယူကာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး ၄၀ ခန့် အရှင်ဖမ်းမိကာ စစ်သားအချို့ထွက်ပြေး သွားသလို လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

၄ နာရီခန့်ကြာမြင့်ခဲ့တဲ့ ဒီအပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သလို စက်လက်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနေ့က ညပိုင်းအထိ တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကောင်စီက MI 17 ရဟတ်ယာဥ်နဲ့ ကင်းထောက်လှည့်ပတ်ပျံသန်းမှုရှိတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို 96 Soliders PDF (အညာဒေသ) တပ်ဖွဲ့၊ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ၊ NUG ကာကွယ်ရေးဝန်းကြီးဌာန တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖ တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ စစ်ဆင်ရေး ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဝေဖန်လို့ ဖမ်းဆီးခံရသူများအနက် ရန်ကုန်မြို့က အများဆုံး ပါဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း ၁၃ဦးသေကာ အထိနာသည့် စစ်တပ် ရွာထဲက ကြံ့ခိုင်ရေးအမတ် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူအပေါ် စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို အာဆီယံအနေနှင့် လျစ်လျူမရှုဖို့ NUG ပြော

မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားလိုက်ပါတယ်။
Read More

KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဘောလခဲမြို့ တိုက်ပွဲက မှတ်တမ်းဓာတ်ပုံများ ထုတ်ပြန်လာ… (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဘောလခဲ မြို့က တိုက်ပွဲတွေက မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဒုစစ်ဦးချုပ် မာဝီက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပြသထားပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။