ကချင်ပြည်နယ်၊ ဖားကန့်မှာ KIA/KPDF တပ်တွေနဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ၂ ဖက် အပြန်အလှန် ထိခိုက်မှုတွေရှိတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ရက်နေ့က ဖားကန့်မြို့၊ နမ့်မဖြစ်ကျေးရွာအုပ်စု၊ မလန်းကျေးရွာအနီး ကျောက်စိမ်းတောင်ရွာသစ်မှာ KIA/KPDF နဲ့ SNA စစ်ကော်မရှင် ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း SNA ဘက်က အများအပြား သေဆုံးခဲ့သလို အလောင်းတွေကို အခုချိန်ထိ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“တိုက်ပွဲက ဆိုင်နေကြတုန်းပါ၊ စကစဘက်ကနေ ခဏခဏကျတယ်၊ လေကြောင်းနဲ့ လာတိုက်တာ ၂ ကြိမ်မှာ ဗုံး ၁၅ လုံးလောက် ချသွားတယ်၊ တိုက်ပွဲဖြစ်နေတဲ့အနေအထားတော့ရှိတယ်၊ ဒီအပေါ်မှာ ၂ ဖက် အကျအဆုံးရှိတယ်လို့ အစ်ကိုတို့သိထားတယ်။ ဘယ်လောက်ထိ ထိခိုက်သေဆုံးအနေအထားရှိလဲ ဆိုတာတော့ သေချာမသိရသေးဘူး” လို့ စစ်ရေးအကြောင်း သိရှိတဲ့ နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဖမ်းဆီးရမိသည့် SNA စနိုက်ပါတပ်သား

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း SNA ပူးပေါင်းတပ်ဖွဲ့ဘက်က စနိုက်ပါသမားတစ်ယောက်နဲ့ တပ်သားတစ်ယောက်ကို မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိခဲ့သေးတယ်လို့ ဆိုပါတယ်။

“ဖမ်းခံရတာက မနေ့ကလို့ပြောတယ်၊ မြေပြင်က စစ်ရေးအရ အတိအကျ မပြောလာသေးဘူး၊ ဘယ်လိုဖမ်းမိလဲဆိုတာတော့ အတိအကျမသိရသေးဘူး” လို့ နောက်ထပ် ဖားကန့်နယ်မြေခံတစ်ယောက်က ပြောပါတယ်။

အခုလို ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဆိပ်မူကျေးရွာ၊ မလန်းကျေးရွာ အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၆ရက်ကစလို့ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာဘက်ခြမ်းကနေ မလန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ SNA စစ်ကော်မရှင်တပ်တွေနဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးဖြစ်သူနှင့် ရန်ဖြစ်သည့် အမျိုးသား စစ်မှုထမ်း ခေါ်ဆောင်သွားခြင်းခံရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဘွက်တူးကုန်းကျေးရွာက လူငယ်အမျိုးသား တစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသားနဲ့ ရန်ဖြစ်စကားများရာကနေ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် မီးလောင်၊ ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ၃ လသားအရွယ် ကလေးငယ် မီးထဲပါသွားတယ်လို့ ဖားကန့်နယ်ခံဆီက သိရပါတယ်။
Read More

ရခိုင်ဝန်ကြီးချုပ်၏ သမီးဖြစ်သူ NLD ပါတီ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို အလွှတ်ပြပြီး ထောင်ဗူးဝတင် စစ်အုပ်စု က ပြန်လည်ဖမ်းဆီး၊ ထောင်ဗူးဝတင် ပြန်လည်အမှုဆင် ဖမ်းခံရသည့် နိုင်ကျဥ်း ၇၄ ဦးအထိ ရှိ

ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ကို စစ်အုပ်စုက ထောင်ဗူးဝတင် ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း Loikaw Local PDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မံစီတိုက်ပွဲမှာ KIA က စစ်ကောင်စီ တပ်ရင်းမှူးကို အရှင်ဖမ်းမိထား၊ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကံမတွင် ရွေးကောက်ပွဲနေ့ မဲရုံများ လိုက်လံစစ်ဆေးသည့် ထွေအုပ် အုပ်ချုပ်ရေးမှုးနှင့် တပည့် ဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ရွေးကောက်ပွဲမဲရုံတွေကိုလိုက်လံ စစ်ဆေးတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး နဲ့ တပည့်ဖြစ်သူ တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။