ရခိုင်ဒေသတိုက်ပွဲတွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလှုံခဲ့ကြတဲ့စစ်ကောင်စီတပ်သားနဲ့နယ်ခြားစောင့်ရဲစုစုပေါင်း၁၂၃ယောက်ကိုစက်တင်ဘာလ၂၉ရက်တနင်္ဂနွေနေ့ကမြန်မာပြည်ဘက်ပြန်လည်လွှဲပြောင်းခဲ့ကြောင်းဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြထားပါတယ်။

စစ်ကောင်စီကမြန်မာပြည်မှာအကျဉ်းကျနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၈၅ယောက်ကိုသင်္ဘောနဲ့ဘင်္ဂလားဒေ့ရှ်ကော့ဘဇာဘက်ပြန်ပို့ပြီးနောက်သူ့ရဲ့လက်အောက်ခံတွေကိုပြန်လည်ခေါ်ဆောင်သွားတာပါ။

အကျဉ်းသား လွှဲပြောင်းရေး လုပ်ငန်းစဉ်ကို ကော့ဘဇာမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကတိုင်းမှူးဗိုလ်မှူးချုပ်အပါအဝင်နယ်ခြားစောင့်တပ်၊ခရိုင်အရာရှိနဲ့ရဲဘက်အရာရှိတွေကဆောင်ရွက်ခဲ့တာပါ။လုပ်ငန်းစဉ်တစ်ခုလုံးကိုကြီးကြပ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားပြည်ထဲရေးဝန်ကြီးဌာနအကြီးတန်းလက်ထောက်အတွင်းဝန်ကတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

တနင်္ဂနွေနေ့ နေ့လည်ပိုင်း ကော့စ်ဘဇာ BIWTA ဆိပ်ခံတံတား ဧရိယာမှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် ခရိုင်အရာရှိနဲ့ ရဲဘက်က သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ မြန်မာရေတပ်ကနေ UMS Chindwin အမည်ရှိ သင်္ဘောတစ်စင်းဟာ စစ်တွေဆိပ်ကမ်းကနေ စနေနေ့က ထွက်ခွာလာပြီး မြန်မာအကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ယောက်ကို တင်ဆောင်ကာ ကော့စ်ဘဇာကို ဦးတည်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီသင်္ဘောဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကော့ဘဇာမှာရှိတဲ့ BIWTA ဆိပ်ခံတံတားကိုဆိုက်ရောက်ခဲ့ပြီးစစ်ကောင်စီလက်အောက်ခံ၁၂၃ယောက်ကိုမြန်မာပြည်ပြန်ခေါ်သွားခဲ့တာပါ။

ကော့ဘဇာလက်ထောက်ကော်မရှင်နာ မိုဟာမက်ဆာဟူဒင်က သူတို့ ၁၂၃ ယောက်မှာ ၁၅ ယောက်က စစ်ကောင်စီလက်အောက်ခံ စစ်သားတွေဖြစ်ပြီး  ကျန်တဲ့သူတွေကနယ်ခြားစောင့်တပ်ကရဲတွေဖြစ်တယ်လို့ပြောပါတယ်။အရင်အကြိမ်တွေတုန်းကလည်းဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာတဲ့နယ်ခြားစောင့်တပ်သားနဲ့စစ်သားတွေ၇၅၂ယောက်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကမြန်မာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။

မူရင်းBangladesh sends back 123 Myanmar nationals

ဓာတ်ပုံ (Bangladesh Post)

0 Shares:
You May Also Like
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မကြည်ပြာ နှင့် ခင်ပွန်းတို့အား စုံစမ်းစစ်ဆေးမှု ၁ လ ကျော်ကြာလာသောကြောင့်  ထုတ်ပြန်ပေးရန် NUG အစိုးရကို Queer အဖွဲ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် မကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကာလ ၁ လကျော်ကြာသွားပြီးဖြစ်တဲ့အတွက် NUG အစိုးရအနေနဲ့ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာပေးဖို့ Queer အဖွဲ့အစည်းများက တိုက်တွန်းလိုက်ပါတယ်။
Read More

ဆီဆိုင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သားအမိ နှစ်ယောက် သေဆုံးခဲ့ရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၊ ဖြီကျွတ်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၂ ရက်က ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးက လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ မြန်မာလူထု ဆန့်ကျင်နေတဲ့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ ပိုတိုးလာမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုလိုက်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။