မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ရက်နေ့က ရန်ကုန်-မကွေး-စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့  နန်းထိုက်တော်ဝင်ခရီးသည်တင်ကားကို ပွင့်ဖြူမြို့နယ်၊ ကပြည့်လမ်းခွဲအရောက်မှာ စတားမြစ်စစ်ဆေးရင်း ကားပေါ်ပါလာတဲ့ အသက် ၃၀အရွယ် လူငယ်(၂)ယောက်ကို ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း မိုးသောင်ရောင်နီခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ အရပ်သားလူငယ်တွေ ထပ်မံဖမ်းဆီးခံခဲ့ရပါသေးတယ်။

“ကပြည့်လမ်းခွဲမှာ လူငယ်တွေ အတော်များများ ပေါ်တာဆွဲဖမ်းဆီးခံရနိုင်တယ်ဗျ။ နန်းထိုက်တော်ဝင်ကားနောက်က ကားတွေပေါ်လည်း တက်စစ်တာတွေ့တယ်။ စခတွေက ၁၅ ယောက်လောက် ရှိမယ်။ ယူနီဖောင်းတွေ လက်နက်တွေနဲ့ ကားပေါ်ကလူတွေ အတင်းဆင်းခိုင်းပြီးမှဆွဲတာပါ” လို့ ဖြစ်စဥ်ကိုသိရှိနေတဲ့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ၂ရက်တာဖမ်းဆီးမှုအတွင်း လူငယ် ၈ယောက်နီးပါးဖမ်းဆီးခံရနိုင်တယ်လို့လည်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

​ပြီးခဲ့တဲ့ စက်တင်ဘာလ၆ရက်နေ့တုန်းကလည်း အလားတူ မိုးသောက်ရောင်နီကားလိုင်းနဲ့ လိုက်ပါလာတဲ့ အမျိုးသား၁ယောက်နဲ့ အမျိုးသမီး၂ယောက်​ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာတာဖြစ်ပြီး လူတစ်ယောက်စာ ငွေကျပ် သိန်း၈၀အထိ အများဆုံးရွေးယူခိုင်းကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြတယ်လို့ သိရပါတယ်။

စစ်အုပ်စုဖမ်းဆီးခဲ့သူတွေထဲ အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ပြီးခဲ့တဲ့လနဲ့ ဒီလ အဆိုးဆုံးပဲဗျ။ ၂လပေါင်းကိုအယောက် ၅၀ ကျော်လောက်ရှိမယ်။ ငွေပေးပြီးပြန်လွတ်လာတာက ၂၀လောက်ရှိမယ်။ ကျန်တဲ့သူတွေက စလင်းမြို့မ ရဲစခန်းအချုပ်ထဲမှာရယ် စစ်သင်တန်းပို့လိုက်တာတွေရယ်ပေါ့။ အချုပ်ထဲမှာရှိနေသေးတာက စျေးညှိနေကြတုန်းမို့ပါ။” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုလက်ပါးစေပျူစောထီးတွေဟာ စလင်းမြို့ပေါ်နဲ့ ကျေးရွာတွေဆီ ကားနဲ့လှည့်ပြီး အရပ်သားလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာ၊ သေနတ်ပစ်ဖောက် ရမ်းကားတာတွေအပြင်အတုအယောင်ရွေးကောက်ပွဲ မဲထည့်ဖို့လိုက်အော်တာ၊ စာကပ်တာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၈နှစ်အရွယ် ကလေးငယ်များ အပါအဝင် စစ်ရှောင် ၈ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်၈နှစ်အောက် ကလေးငယ်တွေ အပါအဝင် စစ်ရှောင် ၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF-အမှတ်(၁)ဗျူဟာ သတင်းနှင့်​ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ရှေ့တန်းကို စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်နေတဲ့ 96 Soldiers PDF ရဲဘော်များ… (ဓာတ်ပုံသတင်း)

96 Soldiers PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) အနေနဲ့ ရှေ့တန်းရဲဘော်တွေကို ပြန်အနားပေးပြီး နောက်တန်းကျန်ရှိ ရဲဘော်တွေက ရှေ့တန်းတစ်လှည့်ထွက်ဖို့ ပြင်ဆင်နေတဲ့ပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ကူညီအားပေးပြီး စစ်ကောင်စီရဲ့ ဖိအားပေးလုပ်ရပ်တွေကို အကူအညီမပေးဖို့ ထိုင်းကို NUG တောင်းဆို

ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ်  အားပေးကူညီပြီး စစ်ကောင်စီရဲ့ ဖိအားပေး လုပ်ရပ်တွေကို အကူအညီမပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သဲဖြူရွာက ညီအစ်ကို  ၂ ယောက်ကို စစ်အုပ်စု ခေါင်းဖြတ်သတ်ခဲ့

တနင်္သာရီမြို့နယ်ရှိ သဲဖြူရွာက ညီအစ်ကို ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ KNU - Mergui - Tavoy District က သြဂုတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။