အမ်း-ပဒါန်းလမ်းပေါ်က စစ်ကော်မရှင်တပ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး စစ်စခန်းရဲ့ အဓိက ကာကင်းစခန်းဖြစ်တဲ့ ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဆိုပါ ဖိုက်တာစခန်းကုန်းဟာ နတ်ရေကန်တပ်စခန်းနဲ့ ၃မိုင်နီးပါးအကွာမှာရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက ဖိုက်တာကုန်းကတော့ သိမ်းလို့ရသွားပြီ။ တချို့တွေ ထွက်ပြေးသွားပေမယ့် နတ်ရေကန်ကို သိမ်းဖို့ဆို တခြား ကမ္ဘာလုံးစခန်းနဲ့ မျှော်စင်ကုန်းစခန်း‌တွေ ကျန်နေသေးတယ်” လို့ မြေပြင်ရဲဘော်တယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကလည်း နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှာ တပ်ဆင်ထားတဲ့ ဟောင်ဝင်ဇာ လက်နက်ကြီးတွေကို နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နတ်ရေကန်စခန်းဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်မှာရှိပြီး ငဖဲမြို့နယ်အပိုင်ထဲမှာ တည်ရှိနေတာပဲ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီးဇင်ယောက်ကတော့ “ဒေသခံတွကတောင် နတ်ရေကန်ကျ သွားပြီလို့ ထင်နေကြတယ်။ တကယ်တော့ အနီးကပ်ဖြစ်တာရယ်၊ ထွေးလုံးရစ်ပတ်မှု ဖြစ်တာရယ်၊ လက်နက်ကြီးတွေပါသွားမှာစိုးလို့ ပြန်ရုတ်နေတာ။ လက်ရှိ နတ်ရေကန်နားက ကမ္ဘာလုံးစခန်းကိုက စစ်တပ်က ထိန်းချုပ်ထားဆဲပဲ။ ဒါပေမယ့် AA နဲ့ တော်လှန်ရေးတပ်တွေကလည်း ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အနေအထားပါ” လို့ ဆိုပါတယ်။

တ်ရေကန်စခန်းကဟာ အမ်းမြို့ မကျခင်ကတုန်းက ရေတာစခန်းဖြစ်ပြီး အမ်းမြို့ကို AA တပ်ဖွဲ့ဝင်တွေ သိမ်းပိုင်ပြီးနောက်မှာမှ စစ်တပ်က အမြောက်တပ်အဖွဲ့တွေ၊ တပ်မ ၉၉ အဖွဲ့တွေ စုပေါင်းပြီး လက်နက်ကြီးစခန်းအဖြစ် မြေတူးစက်တွေနဲ့ သေချာမွမ်းမံထားတဲ့ စခန်းတခုဖြစ်ပါတယ်။

လက်ရှိမှာ နတ်ရေကန်စခန်းအနီးတဝိုက်က ကမ္ဘာလုံးစခန်း၊ မျှော်စင်ကုန်းစခန်းနဲ့ လိုင်ကျေးရွာတဝိုက်မှာ စစ်တပ် ရှိနေသေးတယ်လို့ သိရပါတယ်။

နတ်ရေကန်စခန်း တဝိုက်ကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

၃ လကြာ ပိတ်မိခဲ့သည့် အင်အားထောင်ချီပါ အကြမ်းဖက်စစ်ကြောင်း ပေါက်မြို့အတွင်း ဆက်လက် ဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီ ပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ မြေပြင်ဝေဟင် အကူအညီတွေ အသည်းအသန်သုံးရင်း ပေါက်မြို့ထဲ ဆက်လက်ဝင်ရောက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။ 
Read More

လွိုင်ကော်အကျဉ်းထောင်တွင် ရွေးကောက်ပွဲအတုအတွက် စစ်အုပ်စု ဖိအားပေး ကြိုတင်မဲပေးခိုင်းနေ

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

အကြမ်းဖက်စစ်ကြောင်းကို မိုင်းခွဲဖို့လုပ်ရင်း အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် မိုင်း Error ဖြစ်ပြီး ကျဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။