တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင်ကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ညှိနှိုင်းဆွေးနွေးစရာရှိလို့ ဆိုပြီး ခေါ်ယူရာက သွားရောက်ချိန် အောက်တိုဘာလ ၇ ရက်မှာ ဖမ်းဆီးထားလိုက်တယ်လို့ Modern Punk တပ်ဖွဲ့ဆီက သိရပါတယ်။

မော်ဒန်ပန့် အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကိုကြက်ဥကို ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ T1 နဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစုတာဝန်ခံဖြစ်တဲ့ C1 အမိန့်နဲ့ တပ်ခွဲမှူး ဇင်ကြီးက ကိုကြက်ဥကို ညှိနှိုင်းစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းဆက်ခေါ်ကာ သူတို့စခန်းထဲ ရောက်ရှိပြီးတဲ့နောက် ဖမ်းဆီးထားလိုက်တယ်လို့ ဆိုပါတယ်။

“ဘာကြောင့် ဖမ်းဆီးရလဲဆိုတဲ့ ကိစ္စက ရှင်းရှင်းပြောရရင် သူတို့နဲ့ အဆင်မပြေလို့၊ တမင်တကာ ညှိနှိုင်းဖို့ခေါ်ယူပြီးမှ အခုလိုလုပ်ကြံတာ၊ အင်အားကြီးအဖွဲ့အစည်းတွေဖြစ်တော့ အမှန်တရားဆိုတာ မျက်နှာဖုံးသက်သက်ပါ” လို့ မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

မော်ဒန်ပန့် (Modern Punk) တပ်ဖွဲ့ခေါင်းဆောင် ကိုကြက်ဥကို ဘယ်မှာဖမ်းဆီးထားလဲဆိုတာ မသိရသလို ဖမ်းထားတာ ၅ ရက်ခန့် ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ကိုကြက်ဥဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက သွားရောက်ဖြေရှင်းတဲ့အခါမှာလည်း သေနတ်ဆွဲထုတ်ကာ ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွာခံပြည်သူတွေက ဒီအဖြစ်အပျက်ကို လက်မခံလို့ ဖြေရှင်းဖို့သွားတာ ၊ T1 က ဒီနေထူး နဲ့ လောင်းလုံပကဖ ၊ တာဝန်ခံ ခင်စန္ဒီရဲ့မောင် ပလဖ တာဝန်ခံ ရသတို့ ၂ ယောက်က ကြက်ဥထောက်ခံတဲ့ လူတစ်စုဆိုပြီး သေနတ်ဆွဲထုတ်တာတွေ လုပ်တယ်” လို့ အဆိုပါတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းရဲ့ တပ်ရင်းမှူး ကို C1 ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်း တင်ဆက်ချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင် PDF ၅၁၂ တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်များအတွက် ကျည်ကာဝတ်စုံများ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန၊ အမှတ်(၅၁၂)တပ်ရင်းက ရှေ့တန်းတိုက်ခိုက်ရေး ရဲဘော်တွေကို ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံများ ထပ်မံတပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဒီကနေ့ ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန် အကြီးတန်းသံအမတ် မြန်မာ့အရေးကို ထိုင်းမှာ လာရောက် ဆွေးနွေးမယ်

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တာဝန်ခံမှုရှိစေဖို့ အမေရိကန် အကြီးတန်း သံအမတ်ကြီးဖြစ်သူ Beth Van Schaack ဟာ ထိုင်းနိုင်ငံကို လာရောက်ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့…
Read More

တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ အသိပေး …

"စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသရွေ့ ကျနော်တို့ ပြည်သူလူထုနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ ကောင်းကောင်းမွန်မွန်၊ ငြိမ်းငြိမ်းချမ်းချမ်း၊ ချမ်းချမ်းသာသာ မနေရဘူးဆိုတဲ့ အ‌ခြေအနေတခုကိုလည်း ကျနော်တို့ နှလုံးသားထဲမှာ ‌ခေါင်းထဲမှာ အမြဲရှိဖို့လိုပါတယ်၊ ဒါကြောင့်မို့ ဒီတိုက်ပွဲကို ‌အောင်မြင်အောင် ကျားကုတ်ကျားခဲ ဆက်လက်ပြီး‌တော့ တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ် ... အားပေးလိုပါတယ်"
Read More

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်များ ဖျက်ဆီး 

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် အပိုင်ထဲက  ပေါက်ခေါင်း - အုတ်တွင်း လမ်းပိုင်း ၂ နေရာကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။