စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မရဲစခန်းကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရယ စစ်အုပ်စုဘက်က ၅ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Chaung U People’s Defence Force ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနေ့က မနက်ပိုင်းမှာတော်လှန်ရေးတပ်တွေက ချောင်းဦးရဲစခန်းကို ၆၀ မမ ဗုံးသီး ၂ လုံးနဲ့ စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ နာရီခန့်အကြာမှာ ဒရုန်းနဲ့ပါ နောက်ထပ်ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးသီးတွေဟာ ချောင်းဦးရဲစခန်းဝန်းအတွင်းက ကားဂိုဒေါင်အနီး​ ကျရောက်ပေါက်ကွဲပြီးနောက် ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက် စစ်​ကော်မရှင်တပ်သား ၅ ယောက် ထိခိုက်သေဆုံးခဲ့ပြီး သေဆုံးသူ ၁ ယောက်ရဲ့ ရုပ်အလောင်းကို မုံရွာ နမခ ဆီ ပြန်လည် သယ်ဆောင်သွားတယ်လို့ Cahung U People’s Defence Force ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ မဟာမိတ်တွေ စစ်ဆင်ရေး အောင်ပွဲ့တစ်ခု (ပုံဟောင်း)

” အခက်အခဲကတော့မရှိခဲ့ပါဘူး။ ၆၀မမ ၂လုံးပစ်သွင်းတာမှာ ၁လုံးပဲကွဲပါတယ်။ ပစ်ခတ်မှုတော့မဖြစ်ပါဘူး။ သူတို့ဘက်တုံ့ပြန့်တာမျိုးတော့မရှိပါဘူး။ သေတဲ့၁ကောင်ကို နမခကို ပြန်ခေါ်သွားတယ်ဆိုတော့ အကောင်ကြီးထဲကဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့နာမည်နဲ့ရာထူးကိုမသိရလို့သာမထုတ်ပြန်တာပါ။ ကျန်တဲ့ ၄ကောင်က ချောင်းဦးမှာပဲသဂြိုလ်ပါတယ်။” လို့ Cahung U People’s Defence Force တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှု့ကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ LPDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနေ့က တစ်ချိန်တည်းမှာပဲ မုံရွာ-မန္တလေးလမ်းပေါ် ကင်းယူဖို့လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ချောင်းဦးမြို့၊ သံလွင်မြန်မာဆီဆိုင်နားအရောက် ချောင်းဦးပကဖတိုက်ခိုက်ရေးတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သားအလောင်း ၃ လောင်း၊ ဆိုင်ကယ် ၄ စီးနဲ့ သေနတ် ၃ လက်အပါအဝင် ကျည်ဆံခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေနည်းတူ တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဖြစ်စဥ်အပြီး ​ချောင်းဦးမြို့က ရမ်းကားပစ်ခတ်လိုက်တဲ့ စစ်အုပ်စု လက်နက်ကြီးကြောင့် ငလုံးတင်ရွာက အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဘုံတိုရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်မှာလည်း အသက် ၂ နှစ်နဲ့ ၉ နှစ်အရွယ်ကလေးငယ်တွေ အပါအဝင် ၂၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်သည်တော်များ၏ ဖိအားပေး နှုတ်ထွက်ခိုင်းမှုအား နှုတ်ထွက်မည့်အစား အသေခံမည်ဟု သမ္မတ ဦးဝင်းမြင့် တုံ့ပြန်ခဲ့

အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်အရာရှိ ၂ယောက်က ကျန်းမာရေးအကြောင်းပြ နှုတ်ထွက်ခိုင်းပေမယ့် ဦးဝင်းမြင့်က သူ့အနေနဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့် နှုတ်မထွက်နိုင်ကြောင်း၊ နှုတ်ထွက်မယ့်အစား အသေခံမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

CDF – Asho အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲ အခမ်းအနား…

ချင်းကာကွယ်ရေးတပ်-အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၇ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက်က CDF - Asho နောက်တန်းကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိ၊ ဗဟိုကင်းနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီး လိုင်းခန်းတစ်ခုပါ ပြိုကျ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တပ်မ ၃၃ (ခြေမြန်ဌာနချုပ်) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သုံးမော်တော်ယာဥ်တွေနဲ့ ဗဟိုကင်းမီးလောင်ပျက်စီးပြီး သေဆုံးသူ ၈ ယောက်အထိိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

ဧရာ၀တီ၊ မကွေး နဲ့ပဲခူးက စစ်ကောင်စီ တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ထုတ်ပြန်

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့  ဒေသသုံးခုက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

စစ်အာဏာရှင်တိုက်ဖျက်ရေး တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် KIA ရဲဘော်များ၏ မင်္ဂလာဆောင်အခမ်းအနား

ကချင်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေရဲ့ မင်္ဂလာပွဲအခမ်းအနားကို မေ ၇ ရက် မနေ့က KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။