စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် မနေ့က မနက် ၈ နာရီခွဲလောက်မှာ မုံရွာကနေ အောက်ဘက် စုန်ဆင်းလာတဲ့ စစ်ကော်မရှင်ရေယာဉ်တွေဟာ ချင်းတွင်းမြစ်‌ကြောင်း တစ်နေရာအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို စက်တပ်လေထီးနဲ့လည်း လိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ CFG တပ်ဖွဲ့က ဆိုပါတယ်။

” ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ” လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါရေယာဉ်တွေမှာ စစ်ကော်မရှင်တပ်သားတွေဟာကြေးနီ၊ ဆီလှောင်ကန်တွေ နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သယ်ဆောင်လာတယ်လို့ သိရသလို တိုက်ပွဲငယ် ဖြစ်ပွားပြီးနောက် အဆိုပါရေယာဉ် (၁၅) စီးဟာ အောက်ဘက်ကို ဆက်လက်စုန်ဆင်းသွားပြီး မြစ်ဝဘက်ထိ စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ChindwinFighterGroup(CFG) နဲ့ ၊Brave Heart Army-(B.H.A)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို ပစ်ခတ်နေတဲ့ CFG တပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင်အတွင်း ဗုံးခိုကျင်းများ ကြိုတင်တူးထားကြဖို့ ခရိုင် (ပ.အ.ဖ) တိုက်တွန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက မြို့တွေမှာ လေကြောင်းရန်ကာကွယ်ရေးအတွက် ကြိုတင်ပြီး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စလင်းမြို့နယ်တွင် မှတ်ပုံတင်လာလုပ်သည့် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီးရိုက်နှက် ‌ခေါ်ဆောင်သွား

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မှတ်ပုံတင်လုပ်ဖို့လာတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မုဒုံ ရွှေဟင်္သာဈေးရှေ့တွင် စစ်တပ်နောက်လိုက် ပျူစောထီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နောက်လိုက် ပျူစောထီးတစ်ယောက်ကို သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။