မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော် မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးဒဏ်ကြောင့် အသက် (၆) နှစ်အရွယ် စောထွန်းထွန်းမင်း ၊ အသက် (၇) နှစ်အရွယ် စောလင်းထက်သာ၊ အသက် (၉) နှစ်အရွယ် နော်မဂ်လာဖော ၊ အသက် (၁၀) နှစ်အရွယ် နော်မစန်းမြင့် နှင့် အသက် (၁၂) နှစ်အရွယ် နော်မသန်းသန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ပြီး အရပ်သား ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားကျေးရွာကြား လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

ကနီမြို့ပေါ် စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးသီးကြဲချပြီး ရော့ကတ်များ ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ၃ ရက်ဆက် ဒရုန်းတွေ၊ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ Chindwin Rocket Brother အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကို အပြင်းထန်ဆုံး လက်တုံ့ပြန့်သွားမည်ဟု AYA PDF ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီတိုင်းအတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လူနေကျေးရွာနဲ့ အိမ်ခြေအဆောက်အအုံ၊ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအား အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့ AYA PDF က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ၏ မောရအောင်သံ တော်လှန်သံချပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောင်းသားများသမဂ္ဂက မောရအောင်သံအမည်နဲ့ တော်လှန်သံချပ်ထိုးခဲ့ပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ကြေးနီသယ်ယာဉ်တွေနဲ့အတူ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သုံး ယာဉ်တွေ မုံရွာမြို့က နေ ထွက်ခွာလာတဲ့ သတင်းအရ ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာမှာ မိုင်း ဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။