စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ပေါ်ကနေ စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက်သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ည ၉ နာရီခွဲလောက်က စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်အမျိုးသမီး တစ်ယောက် ပွဲချင်းပြီး သေဆုံးပြီး ဒေသခံတစ်ယောက်ကတော့ ဒီနေ့မနက်မှာ ဆေးကုသရင်း ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

ထိမှန်ဒဏ်ရာရထားတဲ့သူကတော့ ဒီမနက်မှာ သေဆုံးသွားတဲ့ ရွာခံရဲ့ မြေးဖြစ်ပြီး သူကတော့ စိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာဟာ သေဆုံးသွားတဲ့သူတွေရဲ့ မီတာ ၁၀၀ အကွာလောက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်ဆီးတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

“ပွဲချင်းပြီး ဆုံးသွားတဲ့ တစ်ယောက်က တစ်ခြားကျေးရွာက စစ်ရှောင်လာတဲ့ ပြည်သူတစ်ယောက်ပါ၊ သူ့ကျေးရွာမှာ လုံးဝအဆင်မပြေလို့ ဒီဘက်ကျေးရွာမှာလာရှောင်တိမ်းနေတာ၊ ရွာခံတစ်ယောက်ကတော့ ဒီနေ့ မနက် ၅ နာရီခွဲလောက်မှာ ဆုံးသွားတာ၊ သူ့ရဲ့မြေးကတော့ ဒဏ်ရာတော့များတယ်၊ ဒါပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး” လို့ ချောင်းဦးနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားတဲ့ ပြည်သူ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီနေ့မနက်မှာ သဂြိုဟ်ပေးလိုက်တယ်လို့ သိရပြီး လက်ရှိမှာတော့ ငါးလုံးတင်ရွာက ဒေသခံတစ်ချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ငါးလုံးတင်ကျေးရွာထဲကို စစ်ကော်မရှင်တပ်သားတွေဟာ မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်လေ့ရှိသလို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ငါးလုံးတင်ရွာက နေအိမ် ၁၀၀ ကျော်ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဘုရားသုံးဆူမြို့မှာ ကျားဖြန့်တွေ ခြေမချနိုင်ရေးအတွက် တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့  DKBA သတိပေး

ထိုင်း- မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီလကုန်ကို နောက်ဆုံးထားပြီး ထွက်ခွါသွားဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ အမှတ်(၂) နည်းဗျူဟာက  ထုတ်ပြန်လိုက်ပါတယ်။
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မတ္တရာမြို့နယ် ရပ်ကျေး ပကဖရဲ့အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တိုက်နယ် (၃) ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲကို မနေ့က စက်တင်ဘာ ၂၈ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မတ္တရာ ပကဖက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဘေးကူညီဖို့ လေလံတင် ရောင်းချတဲ့ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းရဲ့ ချန်ပီယံခါးပတ်ကို အမည်မဖော်လိုသူ ကျပ်သိန်း ၅၀၀ နဲ့ ဝယ်ယူ

မြန်မာပြည်တွင်းက ရေဘေးသင့် ဒေသတွေကို လှူဒါန်းဖို့ မြန်မာ့လက်ဝှေ့ အကျော်အမော် ထွန်းထွန်းမင်းဟာ သူ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို CDF မင်းတပ် ထုတ်ပြန်ပြသ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force - CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အောက်တိုဘာလအတွင်း စစ်တပ်ကြောင့် ၁၈ နှစ်အောက်ကလေး အယောက် ၃၀ ကျော် သေဆုံးခဲ့

လက်ရှိ အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာပြည်တဝန်း သေဆုံးသူ ၃၅ ယောက်ရှိခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။