အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အုပ်စုရဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်တွေ အပါအဝင် စစ်ရေးအရ စွန့်လွှတ်ခဲ့ရတဲ့ နေရာအချို့၊ မြို့တွေနဲ့ ရပ်ရွာတွေကို ပြန်လည်သိမ်းပိုက်ရရှိဖို့ စစ်အုပ်စုကက ထိုးစစ်တွေ ပြုလုပ်နေတယ်လို့ AA က ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ မတ်လဆန်းကစတင်လို့ အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူအပါအဝင် AA သိမ်းပိုက်ထားတဲ့ နေရာတွေကို ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ စစ်အုပ်စုဟာ အထိအခိုက် အကျအဆုံးတွေနဲ့သာ ရင်ဆိုင်နေရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်ကလည်း သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာက အရပ်သား ရေလုပ်သားပြည်သူ ၄ ယောက် ပင်လယ်ပြင်ကမ်းနီး ငါးဖမ်းနေချိန် စစ်ကော်မရှင်ရဲ့ ရေတပ်က ဖမ်းသွားသလို အောက်တိုဘာလ ၃ ရက်ကလည်း အကြမ်းဖက်စစ်တပ်က ကျောက်ဖြူမြို့၊ ဆားပြင်ကွင်း ရပ်ကွက်က ရေလုပ်သားပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၉ ရက်၊ ညနေ ၄ ကျော်အချိန်ကလည်း ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာရဲ့ အနောက်ဘက်ကိုလည်း စစ်အုပ်စုရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီးနဲ့ ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၉ ရက်ကလည်း သံတွဲ (ငပလီ) ကမ်းခြေ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်အုပ်စု စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ သံတွဲမြို့ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာလည်း သံတွဲနဲ့ ဂွ မြို့ပေါ်ကို စစ်အုပ်စုက Y8၊ Y12 လေယာဉ်တွေနဲ် ၄ နာရီခန့်ကြာ မရပ်မနား ဝဲပျံနေခဲ့ပြီးနောက် သံတွဲမြို့အနီး ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း)နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြိုနယ်အတွင်း) တို့မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပင်လယ်ကမ်းနီး မြို့၊ ရွာတွေက ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားဖို့နဲ့ စစ်ရေးသတိရှိဖို့ AA က အသိပေးတိုက်တွန်းထားပါတယ်။

ပုံစာ – စစ်အုပ်စု စစ်သင်္ဘောနှင့် AA တပ်ဖွဲ့ စစ်ကြောင်း (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေက လူနေကျေးရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၆၁) က နိုဝင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ ဒေါနတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးတွင် အသက် ၈၀ ကျော် အဘွားအိုနှင့် မြေးဖြစ်သူကို သံတူဖြင့် ရိုက်နှက်ပြီး ရွှေတုံးနှင့် ပိုက်ဆံများ ယူဆောင်ခဲ့သည့် အဘွားအို၏တူမဖြစ်သူ အလယ်တန်းပြဆရာမကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၈၄ နှစ်အရွယ် အဘွားအိုနဲ့ မြေးဖြစ်သူတို့ကို အိမ်သုံး သံရိုက်တူနဲ့ ရိုက်နှက်ပြီး ရွှေတုံးနဲ့ ငွေတွေ ယူဆောင်သွားတဲ့ အဘွားအိုရဲ့ တူမဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နယ် ပကဖ၏ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၃ယောက်သေကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တောင်းတံတားအသစ်ဘက်ကနေ မော်လမြိုင်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ​စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ယောက်သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
Read More

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့၏ မြေပြင်သပိတ်များ ဘေးကင်းစေကြောင်း NUG သဝဏ်လွှာပေးပို့

မြေပြင်မှာ သပိတ်တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်‌ရေးအစိုးရ၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ဝေါ်လေဒေသ စစ်ကောင်စီတပ် ဥကရစ်ထစခန်း၏ ကာကင်းစခန်း (ရွှေအေးမြိုင်တပ်စခန်း) ကို KNU တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်ရှိ ဝါးမီထခေါ် ရွှေအေးမြိုင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။