စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ “သိမ်းငှက်စစ်ဆင်ရေး” လုပ်ဆောင်နေချိန်အတွင်း စစ်မှုထမ်းတပ်သားနဲ့ ပျူစောထီးတွေအပါ လူ ၄ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်း မော်လိုက်မြို့နယ်ထဲက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ စစ်အုပ်စုထိန်းချုပ်ရာနေရာတွေကနေ လက်နက်ယူဆောင် ထွက်ပြေးလာသူတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက စစ်မှုထမ်းတပ်သား (ပစ) ၁ ယောက်၊ မော်လိုက်မြို့နယ် ရွာသစ်နဲ့ နောင်ပိန်းရွာတွေက ပျူစောထီး၂ယောက်နဲ့ ကြို့ကုန်းရွာ ဆယ်အိမ်ခေါင်းတို့ဟာ လက်နက်ခဲယမ်း ကိုယ်စီယူဆောင်ပြီး မော်လိုက်တပ်ရင်းတွေထံ အလင်းဝင်ခိုလှုံခဲ့တယ်လို့သိရပါတယ်။

“ကျနော်တို့ တောင်းအင်စစ်အုပ်စုစခန်းကို မသိမ်းရသေးခင် သြဂုတ်လထဲမှာ တောင်အင်းကို ဟုမ္မလင်း ခလရ ၂၂၂ ကနေ အကြမ်းဖက်စစ်ကူတွေလာတဲ့အချိန် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၇) က ၁ ယောက် ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။ သူနဲ့အတူ MA3 သေနတ် ၁ လက်နဲ့ ကျည်ဆံခဲယမ်းတွေယူလာတယ်ပေါ့။ နောက်ပြီး စက်တင်ဘာလ တတိယပတ်ထဲမှာ အော်ဇီးခုံတို့ နောင်ပိန်းတို့ ကျနော်တို့သိမ်းတော့ စစ်အုပ်စုတွေ ကင်းတက်ရွာအုပ်စုထဲ ဆုတ်ပြေးသွားကြတယ်။ အဲ့ကနေမှ ပျူစောထီး၂ ယောက်နဲ့ ဆယ်အိမ်ခေါင်း ၁ ယောက် ထပ်ပြီး အလင်းဝင်လာတာပါ” လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ တပ်ရင်းတွေက ဆုကြေးငွေတွေ ပေးအပ်ကာ ထိန်းချုပ်နယ်မြေထဲ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မော်လိုက်မြို့နယ်မှာ ပျူစောထီးနဲ့ စစ်အုပ်စုပေါင်းထိုင်ထားတဲ့ ကျေးရွာပေါင်း ၁၅ ရွာ နီးပါးရှိပြီး သိမ်းငှက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ ၂လအတွင်း ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နားပင်၊ အော်ဇီးခုံနဲ့ နောင်ပိန်းရွာ စတဲ့ စစ်အုပ်စုစခန်း၆ခုကို မော်လိုက်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သိမ်းငှက်စစ်ဆင်ရေးအတွင်း အလင်းဝင်ရောက်လာသူများ (ဓာတ်ပုံ မော်လိုက်တော်လှန်ရေးအင်အားစု)

0 Shares:
You May Also Like
Read More

စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာ ပါဝင်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဖိတ်ခေါ်…

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှာရန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။