ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် – (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုင်းလုံမြို့နယ်ထဲက မန်ဟုန်းကျေးရွာကို အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထိခိုက်သေဆုံး ပျက်စီးတာတွေဟာ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲမဖြစ်ပွားဘဲ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဖြစ်ပြီး အပြစ်မဲ့သေဆုံးခဲ့ရသူတွေအားလုံးဟာ လယ်ယာစိုက်ပျိုးနေတဲ့ သာမန်အရပ်သားပြည်သူတွေ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အခုအောက်တိုဘာလထဲမှာပဲ TNLA ထိန်းချုပ်ရာ နမ္မတူ၊ နမ့်ဆန် နဲ့ မန်တုံမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့လို့ အပြစ်မဲ့အရပ်သား သေဆုံးမှုတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့လည်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပြင် တိုင်းရင်းသားဒေသတွေပါမကျန် အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အုပ်စုတွေအနေနဲ့ ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့်‌ ရွေးကောက်ပွဲကို တားဆီးဟန့်တားမှု မပြုလုပ်ခဲ့ရင် အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေကို ဒီ့ထက်ပိုမိုအရှိန်မြှင့် ပြုလုပ်လာမှာဖြစ်တယ်လို့ NUG က ဆိုပါတယ်။

အာဏာတည်မြဲရေးကိုသာ ဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီးနဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့ရက်တွေပါမကျန် အကြမ်းဖက် ရက်စက်နေတဲ့ စစ်အုပ်စုရဲ့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူခံရနိုင်ဖို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း အစွမ်းကုန်ကြိုးပမ်းအားထုတ်မှာဖြစ်တယ်လို့ ကတိပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ခန္တီးမြို့တွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်မဲ့ အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မြေငလျင်ဒဏ်သင့်နေချိန် အင်တာနက်ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ စစ်ကောင်စီကို အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော် တောင်းဆို၊ သတင်းအမှောင်ချမှုက ပြည်သူအတွက် ဆိုးကျိုးဖြစ်စေကြောင်း IPCM ပြော

တစ်နိုင်ငံလုံးမှာ ဆိုးဝါးပြင်းထန်တဲ့ ငလျင်ဘေးသင့်နေချိန်မှာ စစ်ကောင်စီက အင်တာနက်ပိတ်ဆို့ ဖြတ်တောက်ထားခြင်းတွေကို ပယ်ဖျက်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မုံရွာ GTC ရှိ အကြမ်းဖက်စစ်အုပ်စု နေရာများ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချရာ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၁၃…
Read More

သံလွင်တံတား (မော်လမြိုင်) မှာ လက်နက်တွေ ဖမ်းဆီးရမိ ဟုဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်တံတားက စစ်ဆေးရေးဂိတ်မှာ လက်နက်ခဲယမ်းသယ်ဆောင်လာသူ ၁ ယောက်ကို ပစ္စည်းတွေနဲ့အတူ စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။