ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် – YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အကြမ်းဖက် စစ်အာဏာသိမ်းပြီးနောက် ယောဒေသ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်နိုင်ရေးအတွက် YDF မှာ တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့တဲ့ ရဲဘော်အပေါင်းတို့ကို အောက်မေ့ဖွယ် ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနားအဖြစ် အောက်တိုဘာလ ၇ ရက်က YDF စိုးမိုးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖက်ဆစ်စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးတော်လှန်ရေးမှာ ရဲဝံ့စွာ အသက်သွေးရင်းနှီး တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့တဲ့ တိုင်းရင်းသား၊ လူမျိုးစု အသီးသီးမှ အာဇာနည်ရဲဘော်တွေရဲ့ ဓမ္မဝါဒီထွန်းလင်းစေဖို့ ဆီမီးထွန်းညှိပူဇော်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ YDF က ဆိုပါတယ်။

ကျဆုံးသူတွေထဲမှာ ယောကာကွယ်ရေးတပ် – YDF ရဲ့ ဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးက ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ ရန်သူ့နယ်မြေအတွင်း အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒုစစ်ဦးစီးချုပ်အပါအဝင် ယောဒေသနဲ့ မဟာမိတ်နယ်မြေဒေသအသီးသီးမှာ စစ်အာဏာရှင်ကို စွမ်းစွမ်းတမံ တိုက်ထုတ်ရင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ရတဲ့ YDF ရဲဘော်တွေကို တော်လှန်ရေး အာဇာနည်သူရဲကောင်းတွေအဖြစ် ကမ္ဗည်းထိုး မော်ကွန်းတင် ဂုဏ်ပြုတယ်လို့လည်း YDF က ဆိုပါတယ်။

အာဇာနည်သူရဲကောင်းတွေကို ရည်စူးတဲ့ ဆီမီးထွန်းညှိခြင်းအခမ်းအနားမှာ တက်ရောက်ပါဝင်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေ၊ ပြည်သူတွေနဲ့ အရပ်ဖက်တာဝန်ခံတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ယောကာကွယ်ရေးတပ်(YDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ရဲ့ နောက်ဆက်တွဲ ငလျင်ငယ် ဖြစ်လာနိုင်တဲ့ အခြေအနေ ခန့်မှန်းချက်ကို NUG ထုတ်ပြန်… လက်ရှိ စစ်ကိုင်းငလျင်ဟာ ရှေ့ပြေးငလျင်အဖြစ် ဖြစ်နိုင်ချေ ၀.၂ ရာခိုင်နှုန်းသာရှိ…

အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့(USGS) ရဲ့ ဧပြီလ ၄ ရက် ခန့်မှန်းချက်တွေအရ ဧပြီ ၁၁ ရက်အထိ ဖြစ်လာနိုင်ချေရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်ဖြစ်ပေါ်နိုင်ခြေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဖက်ဆစ်တွေထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ရမည့် နောက်ဆုံးတိုက်ပွဲဟု CRPH က ဖက်ဆစ်တော်လှန်ရေးနေ့ကို သဝဏ်လွှာပေးပို့ 

လက်ရှိ  နွေဦးတော်လှန်ရေးဟာ  စစ်အာဏာရှင်စနစ်ဆိုး ကိုတော်လှန်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ဆောက်မယ့်  နောက်ဆုံး တိုက်ပွဲသာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က  နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာက တဆင့် ကြေညာလိုက်ပါတယ်။  
Read More

နောင်ချိုကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ပက်လက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက်သေပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိ…

ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People's Defence Force က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်၊ ၅၁၂ တပ်ရင်းရဲဘော်တွေကို တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင် မုန့်ဖိုးတွေ ပေးပို့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင်၊ အမှတ် ၅၁၂ တပ်ရင်းက ရဲဘော်တွေအတွက် တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင်မုန့်ဖိုးတွေ ပေးပို့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။