မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း(WCP)သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

WCP သင်တန်းကနေ ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အသိအမြင်ပြောင်းလဲမှုတွေ များစွာရရှိခဲ့တယ်လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတွေက မှတ်ချက်ပြုခဲ့တယ်လို့ သိရပါတယ်။

‘’သင်တန်းမတက်ခင်က ကျွန်တော်က ကလေးသူငယ်အခွင့်အရေးကို ဒီလောက်ထိ အချက်တွေ အများကြီး ရှိလိမ့်မယ်လို့ ထင်မထားခဲ့သလို သိလည်းမသိခဲ့ပါဘူး၊ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပေါ် ကျွန်တော်မြင်ထား၊ တွေ့ထားတာထက် အများကြီး ပိုလေးစားရတော့မယ်၊ ပိုဂရုစိုက်ရတော့မယ်၊ ပိုကာကွယ်ပေးရတော့မယ်လို့ ထင်မြင်မိပါတယ်၊ ကျွန်တော်တို့က သင်တန်းတက်ပြီးရင် ပြီးသွားတာပဲမဟုတ်ဘဲ ကျွန်တော်တို့ မိသားစု၊ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ ရပ်/ရွာက အမျိုးသမီးတွေကို ကာကွယ်/စောင့်ရှောက် ပေးရမယ်ဆိုပြီးလည်း ဒီသင်တန်း ကနေ အတွေးအမြင်တွေ ရလာခဲ့ပါတယ်’’ လို့ သင်တန်းသားတစ်ယောက်က မှတ်ချက်ပြုပြောဆိုထားပါတယ်။

အဆိုပါသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာအနေနဲ့ မြေပြင်ရေးရာတာဝန်ခံတွေကို ၂၀၂၄ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ ပြုလုပ်တဲ့ WCP သင်တန်းမှာတော့ အမျိုးသမီးလူ့အခွင့်အရေးအဆိုင်ရာ တာဝန်ခံတစ်ယောက်က ဦးဆောင်ပြီး သင်တန်းကို ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းမှာ ကလေးအခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားတွေ၊ ကလေးငယ်တွေနဲ့ ပတ်သက်လို့ ကြီးလေးတဲ့ ကျူးလွန်မှုတွေ ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေအကြောင်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV)၊ အမျိုးသမီးတွေအပေါ်ခွဲခြားမှုပပျောက်ရေး CEDAW စာချုပ်အကြောင်း၊ ကလေးအခွင့်အရေးစာချုပ် (CRC) တို့ကိုလည်း သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းကာလအတွင်းမှာ ကလေးငယ်တွေအကြမ်းဖက်ခံရရင် သင်တန်းသားတွေ ကိုယ်တိုင်လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ၊ ပတ်ဝန်းကျင်၊ အဖွဲ့အစည်း၊ သက်ဆိုင်ရာ အစိုးရက လုပ်ဆောင်ပေးနိုင်မယ့် အခြေအနေတွေနဲ့အတူ ကာကွယ်မှုတွေ လုပ်ဆောင်ပေးနိုင်မယ့် အရေးတွေ၊ တိုင်ကြားနိုင်တဲ့ ယန္တရားတွေအကြောင်းကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့စာချုပ်တွေအကြောင်း၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ အခြေအနေမှာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်မယ့် ဖြေရှင်းနည်းတွေ၊ တိုင်ကြားနိုင်တဲ့ ယန္တရားတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါသည်။

သင်ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကို စိတ်ပူစိုးရိမ်စွာစောင့်ကြည့်မှုတွေ ပြုလုပ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သင်ကြားမှုတွေကို သင်ကြားသူတွေရော၊ သင်ယူသူတွေပါ ပုံမှန်ထက် ပိုမိုအားထုတ်ပြီး အောင်မြင်စွာ သင်ကြားနိုင်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။

“အခုလိုအခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားက သင်တန်းသားတွေဟာ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသလို အဖွဲ့လိုက်ဆွေးနွေးမှုတွေနဲ့ အားတက်သရော ဆွေးနွေးခဲ့မှုတွေကြောင့် အသိအမြင်တွေ ပြောင်းလဲလာတာကို တွေ့ရတယ်” လို့ သင်တန်းဦးဆောင်သူ အမျိုးသမီး လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ သင်တန်းဆရာမက ပြောပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှာ လူ့အခွင့်ရေးရာတာဝန်ခံ စုစုပေါင်း ၁၀၂ ယောက် ရှိပြီး အမျိုးသမီး လူ့အခွင့်ရေးရာတာဝန်ခံကတော့ ၂၅ ယောက် ခန့်အပ်တာဝန်ပေးထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ်က တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာနှင့်စစ်ကူပို့အတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်တပ်အရာရှိများ တက်ရောက်ရာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် စာသင်ကြားနေသည့် ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ကို ပစ်ခတ်ရှင်းလင်း

အကြမ်းဖက်စစ်တပ်က အရာရှိအဆင့်တွေသာ တက်ရောက်ရတဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ စာသင်ကြားနေတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင်ကို ဒီနေ့မှာ ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်ရှိ တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်သည့် ရေလုပ်သားများကို စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်နေကြောင်း AA ထုတ်ပြန်

ရခိုင်ပင်လယ်ပြင်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ သင်္ဘောတွေက တစ်နိုင်တစ်ပိုင် ဝမ်းစာရှာထွက်တဲ့ ရေလုပ်သားတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

နမခ မှာ စစ်မှုထမ်းနေသူ လူငယ် ၄ ဦး လက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှာ စစ်မှုထမ်းဆောင်နေတဲ့ လူငယ်‌ ၄ယောက်ဟာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Union Liberation Front - ULF V 02 က ထုတ်ပြန်လာပါတယ်။