တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ‌ပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU – မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ (၈)ရက် ဒီမနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း Y-12 လေယာဉ်နဲ့ (၁၀) ကြိမ်အတွင်း ၁၂၀ မမ ဗုံးသီး (၄၀) ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ‌လူထုပိုင် နေအိမ်နဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာလည်း အကြမ်းဖက်စစ်တပ်က မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်း ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံ ပြည်သူ (၃၅၀)ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် သူတို့ အုပ်ချုပ်ရာနယ်မြေတွေမှာ အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ အထူးကြိုးပမ်းနေသလို သူတို့ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ KNU-မြိတ်ထားဝယ်ခရိုင်အုပ်ချုပ်ရာ ဒေသတွေက ပြည်သူလူထု အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်ကြောင်းမှူး ဗိုလ်ကြီး မင်းတေဇအပါအဝင် ၃ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ခြေလျင်တပ်ရင်းတွေကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က စစ်ကြောင်းမှူးတဖြစ်လဲ ဗိုလ်ကြီးအဆင့်ရှိသူ မင်းတေဇအပါအဝင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပကဖ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မယ်သမီခီး (ထီးခီး) ကျေးရွာကို စစ်အုပ်စု ဆက်တိုက် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၄ ရက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ရေးသတိပေးချက် ထုတ်ပြန်ပြီး ၁ လအကြာ ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ရေးသတိပေးချက် ထုတ်ပြန်ထားတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုအထိုင်ချတပ်စွဲရာ မြို့ပေါ်နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပလမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၃ ပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်သေပြီး ၄၀ ကျော်ဒဏ်ရာရဟု ဆို…

" ထိတွေ့မှု တော်တော်များများက ပလမြို့ထဲမှာပဲ ဖြစ်ခဲ့တယ်။ သေဆုံးမှုတွေကို မျက်မြင်၊ အလောင်းရရှိမှုနဲ့ ခိုင်မာတဲ့ သတင်းပေးတွေဆီကနေ ရတဲ့ အချက်အလက်တွေနဲ့ အတည်ပြုပါတယ်ဗျ။ လေကြောင်းပစ်ကူက နေ့စဉ်လိုလို ရှိတယ်။ နောက်ဆုံး ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်" လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။