စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF – ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၈  ရက် ဒီနေ့လယ်ပိုင်းမှာ ကနီမြို့စောင့်တပ်ကနေ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲ အင်အား ၂၀ နီးပါးကို ကနီမြို့ပေါ် ၃ ရပ်ကွက်အရောက်မှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ကြာ ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၇ ယောက် သေဆုံးခဲ့ကြောင်း၊ လက်နက်တွေ ကောက်ဖို့ကြိုးစားချိန်မှာပဲ မြို့ထဲကနေ စစ်အုပ်စုတပ်ကူတွေ ရောက်လာတာကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း KLG PDF တာဝန်ရှိသူက ပြောပါတယ်။

“သူတို့မြို့ထဲကနေ ကင်းပတ်လာမှာကို သတင်းကြိုရလို့ အဆင်သင့်စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်မှုဖြစ်ပြီး သူတို့လက်နက်တွေကောက်ဖို့လုပ်တော့ မြို့ထဲကနေ နောက်ထပ် စခတွေ ထပ်ဝိုင်းလာလို့ ၂ လက်ပဲ ကောက်ပြီး ပြန်ဆုတ်ခဲ့တာပါ” လို့ KLG PDF-ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်အုပ်စုထံမှ KLG PDF-ကျောက်လုံးကြီး သိမ်းဆည်းရှိသည့် သေနတ် ၂ လက်



အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် (9+အဖွဲ့ဝင်) ဗျူဟာ (၄၅) KLG PDF-ကျောက်လုံးကြီး ရဲ့ လှုပ်ရှားတပ်စိပ် (၁) စိပ်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး MA-1 သေနတ် (၁) လက် နဲ့ MA-11 သေနတ် (၁) လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ ကနီမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ရှိနေခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်အုပ်စုကြောင့် ချင်းတောင်၊ ချောင်းမအရှေ့အနောက်နဲ့ သင့်ဝင်၊ မင်းမ၊ အောင်မင်္ဂလာ၊ ဇီးပင်တွင်း၊ လင်းပုန်းရည်စတဲ့ ကျေးရွာတွေလည်း စစ်ရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ရက်နေ့က စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ချောင်းမရွာတိုက်ပွဲအတွင်း စစ်အုပ်စုသုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့သလို ယင်းမာပင်ခရိုင်ပကဖ ULF စစ်ကြောင်းမှူး ကိုနိုင်မင်း ကျဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင်နှင့် အဖော်အမျိုးသမီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တွံတေး ပကဖ တတိယအကြိမ်မြောက် တပ်သားသစ်တွေ ခေါ်ယူနေ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံ ဝင်ရောက်တာဝန်ထမ်းလိုတဲ့ လူငယ်တွေကို တတိယအကြိမ်မြောက် တပ်သားသစ်တွေအဖြစ် ခေါ်ယူနေပါတယ်။
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင် လေ့ကျင့်ရေးတပ်ဝန်းအတွင်း တန်းစီနေချိန် ဗုံးကြဲခံရ၊ ၂ ပွင့်ဗိုလ်အပါ ၁၅ ဦး သေပြီး အယောက် ၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ လေ့ကျင့်ရေး (၃) တပ်ရင်း ၁၆ ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ဗိုလ် ၁ ယောက်အပါအဝင် သေဆုံးသူ ၁၅ ယောက်ရှိခဲ့ကြောင်း အောင်သပြေညီနောင် (ကျောက်ဆည် PDF) တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောပါတယ်။