ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၇ရက် မနေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်အချိန်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့နယ်(ခွဲ) နမ့်ခုံးကျေးရွာအုပ်စု မိုက်ဟုန်းကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ရွာခံ အမျိုးသမီး ၅ ယောက်၊ အမျိုးသား ၄ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေကတော့ မောင်အိုက်ဦး (၂နှစ်)၊ ကိုအိုက်ထပ် (၂၇ နှစ်)၊ ကိုအောင်ဆာ (၂၉ နှစ်)၊ ကိုဆိုင်းစံပွင့် (၃၅ နှစ်)၊ ကိုအိုက်ကျန်ဆာ (၃၇ နှစ်)၊ ဒေါ်အုန်းခင် (၄၅ နှစ်)၊ နန်းခင်ပ (၂၉ နှစ်)၊ နန်းလှဆိုင် (၂၅ နှစ်)၊ နန်းအေးတက် (၂၂ နှစ်)၊ ဒေါ်နန်းအေးမေ (၃၉ နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။
အမည်မသိရသေးတဲ့ ဒေသခံ ၃ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး လူနေအိမ် ၆လုံး ပျက်စီးသွားတယ်လို့ TWO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မိုက်ဟုန်းကျေးရွာဟာ တအာင်းရွာမဟုတ်ဘဲ ရှမ်းရွာဖြစ်တယ်လို့လည်း သိရပါတယ်။

မိုက်ဟုန်းကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ TWO)

0 Shares:
You May Also Like
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ ကျေးရွာပေါင်း ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျန်းမာရေးမကောင်းသည့် စစ်ရှောင်မိန်းကလေးကို ရှမ်းနီ SNA တပ်သား အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။
Read More

ရေဖြူမြိုနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅ ဦး ထိခိုက်သေဆုံး… စစ်အုပ်စုက တောင်ကရင်းအင်းရွာက ရိက္ခာဝင်ယူသည့် စစ်ရှောင် အရပ်သား လင်မယားကိုလည်း သတ်ဖြတ်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာဖက် က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။