ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် – (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta’ang Women’s Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မိုင်းငေါ့မြို့လယ်ရှိ လူနေထူထပ်ရာ ရပ်ကွက်ကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုင်းငေါ့ဒေသခံ အမျိုးသားတစ်ယောက်က ပြောကြောင်း Ta’ang Women’s Organization ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“လေယာဉ်ကြဲသွားတာ ရဲစခန်းရှေ့မှာ ၂ လုံးကျတာ၊ အဲဘက်မှာ လူထိသွားတယ်၊ ဒဏ်ရာလည်း ရတယ်၊ ရော့ကဒ်လည်း ပစ်တယ်၊ ရော့ကဒ်က ထွေအုပ်ရုံးမှာနဲ့ ရဲစခန်းလမ်းကြားမှာ ကျတာ၊ ဘန်ခေါက်ရွာသွားတဲ့လမ်းပေါ့၊ အခုလောလောဆယ် လေယာဉ်က မြို့ထဲမှာ ကြဲသွားပြီ“ လို့ ဒေသခံက ပြောကြောင်း Ta’ang Women’s Organization က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ဗုံးကြဲခဲ့တဲ့အပြင် ရော့ကဒ် ၄ လုံးပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်စာရင်းနဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်လို့ Ta’ang Women’s Organization က ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Ta’ang Women’s Organization ၏ Facebook Page)

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်တပ်က ၅ ဦးသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ၊ စစ်ကူပေးဖို့ လက်နက်ခဲယမ်းသယ်လာသည့် စစ်ကောင်စီတပ် စစ်ကား ပေါက်ကွဲမှုဖြစ်ပွား၊ စစ်သား ၂ ဦးသေပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းနဲ့ စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်က ၅ ယောက် သေပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူတွင် ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ပခုက္ကူမှာ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်က မျက်မြင် ၆ ယောက် သေ၊ လက်နက် ၁၈ လက်နဲ့ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ရေလာလေး စစ်ကောင်စီ စစ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်က မျက်မြင် ၆ ယောက်သေပြီး လက်နက် ၁၈ လက်နဲ့အတူ သုံ့ပန်း ၇ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၈) စစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်မထီးပျူရွာက ထွက်ပြေးလာတဲ့ ကလေး ၂ ယောက် အပါ အရပ်သား ၆ ယောက်ကို မြို့နယ် ပအဖ၊ ပကဖ နဲ့ PDF တွေ ကယ်ဆယ်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။