တော်လှန်အနုပညာရှင်တွေရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “ Still We Smile – ပြုံးပြုံးလေး” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသတာကနေ ရရှိလာတဲ့ ငွေတွေကို ပညာရေးကဏ္ဍနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ခွဲဝေစီးဆင်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့တယ်လို့ ပြုံးပြုံးလေးရုပ်ရှင် Facebook စာမျက်နှာကတဆင့် သိရပါတယ်။

ပြုံးပြုံးလေးရုပ်ရှင်ပြသတာကနေ ရရှိငွေတွေကို ရည်ရွယ်ထားတဲ့အတိုင်း ပညာရေးအတွက် ၅၀ ရာခိုင်နှုန်းနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေအတွက် ၅၀ ရာခိုင်နှုန်း စီးဆင်းစေရေးအတွက် ရံပုံငွေ ခွဲဝေရေး Zoom အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပထမအကြိမ်အဖြစ် ပြုံးပြုံးလေး ရုပ်ရှင်ကို ဩစတေးလျ၊ နယူးဇီလန်၊ ဂျပန်(တိုကျို)၊ ဂျပန်(ဂူးမား)၊ ချင်းမိုင် စတဲ့ (၅) နေရာမှာ ပြသတာကနေ ရရှိငွေတွေရဲ့ ရာနှုန်းပြည့်ကို စတင်လှူဒါန်းပေးအပ်ဖို့ ဆွေးနွေးတိုင်ပင် စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

ရံပုံငွေ ခွဲဝေစီးဆင်းမှုအနေနဲ့ ပညာဝန်ကြီးဌာန ကျပ်သိန်း ၄၀၀၊ တော်လှန်ရေးတပ်တွေဖြစ်တဲ့ KNDF က ကျပ်သိန်း ၁၀၀၊ မကွေး PDF က ကျပ်သိန်း ၁၀၀၊ မင်းဘူး PDF က ကျပ်သိန်း ၁၀၀ နဲ့ ကလလတ တပ်ဖွဲ့က ကျပ်သိန်း ၁၀၀ စုစုပေါင်း ကျပ်သိန်း (၈၀၀) ကျပ်ကို ခွဲဝေခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေး ပြုလုပ်ခဲ့ပုံ (ဓာတ်ပုံ ပြုံးပြုံးလေး Facebook Page)

ဒါ့အပြင် ပြုံးပြုံးလေးရုပ်ရှင်အဖွဲ့သား ၄၁ ယောက်ကိုတော့ ဘတ် ၁ ထောင်စီနဲ့ စုစုပေါင်း ဘတ် ၄၁၀၀၀ သီတင်းကျွတ်မုန့်ဖိုးပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ ကလလတ/ဗျူဟာမှူး စိုင်းချစ်လှိုင် ၊ KNDF စစ်ရေးချုပ်ခူရီးဒူ၊ မကွေး PDF နဲ့ မင်းဘူး PDF က တာဝန်ရှိသူတွေ၊ ပညာရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ တာဝန်ရှိသူတွေ၊ ဒါရိုက်တာကိုပေါက်၊ အကယ်ဒမီမင်းမော်ကွန်း၊ တေးသံရှင် ကိုဝင်းနိုင်စိုးနဲ့ မြေပြင်ရှိ ပြုံးပြုံးလေးအဖွဲ့သားတွေ၊ ပြုံးပြုံးလေးရုပ်ရှင် ပြသရေး ကော်မတီဝင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ပြသရရှိငွေတွေကိုလည်း အခုလိုပဲ နွေဦးတော်လှန်ရေးခရီးအတွက် မြေပြင်မှာ လိုအပ်နေတဲ့နေရာတွေကို ၁၀၀ ရာခိုင်နှုန်း ထောက်ပို့ပေးသွားမှာဖြစ်တာကြောင့် “ပြုံးပြုံးလေး – Still We Smile” ရုပ်ရှင်ကို ကြည့်ရှုအားပေးကာ ရံပုံငွေမြှင့်တင်ရင်း အနုပညာနဲ့ဆက်လက် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

မကြာခင်မှာ ပြုံးပြုံးလေးရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စုက မယ်ရီလန်း၊ ဘော်စတွန်၊ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်၊ စင်ကာပူနိုင်ငံ၊ ကနေဒါနိုင်ငံ၊ ထိုင်းနိုင်ငံက ဘန်ကောက်နဲ့ မဲဆောက်မြို့တွေမှာ ပြသတော့မှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ပြုံးပြုံးလေး ရုပ်ရှင်ရိုက်ကူးမှု မှတ်တမ်းဓာတ်ပုံအချို့ (ဓာတ်ပုံ ပြုံးပြုံးလေး Facebook Page)

0 Shares:
You May Also Like
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းပြုတ်ကာ အလောင်းအများအပြား ကျန်ရစ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ၄ရက်ကြာ အထိုင်ချ တပ်စွဲပြီးတဲ့နောက် ပျဥ်ထောင် ပျူစောထီးကျေးရွာကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြားကျဆုံးကာ အထိနာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေ၊ ၂၂ ယောက်နဲ့အထက် ဒဏ်ရာရ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၇ ယောက်သေပြီး ၂၂ ယောက်နဲ့အထက် ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။