မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကို Mission 22 အဖြစ် ၁၀၇ မမရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့၊ မနက်အစောပိုင်းမှာ လပခ အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရှော့တိုက်ဒုံး () လုံးဟာဌာနချုပ်ဝန်းထဲမှာရှိတဲ့အပတ်စဥ်၃စစ်သားတွေနေထိုင်ရာဘားတိုက်အဆောက်အအုံကိုထိမှန်ခဲ့ပြီးနောက်၂လုံးကတော့ကွင်းထဲကျခဲ့တာပါ။ကျန်တဲ့၂လုံးကတော့ပေါက်ကွဲမှုမရှိခဲ့ဘူးလို့သိရပါတယ်။

အခုနောက်ဆုံး ဒီနေ့ (၃၀ ရက်နေ့) မနက် ထပ်ရတဲ့သတင်းအရ စကစတပ်ဖွဲ့ဝင် ၆ယောက်သေတယ် …. အယောက်၂၀ ဒဏ်ရာရပြီး အဲ့အထဲက ၄ယောက်က အရေးပေါ်အခြေအနေဖြစ်သွားတယ်။လို့ Brave Warriors for Myanmar-BWM အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အခုလို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဘက်က အစစ်အဆေးတွေရှိခဲ့ပေမယ့် မစ်ရှင်လုပ်ဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး ဘေးကင်းလုံခြုံရာ သက်ဆိုင်ရာ ဌာနေစခန်းအသီးသီးကို ပြန်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ တာဝန်ရှိသူကပဲ ဆက်လက်ပြီးအခုလိုတိုက်ခိုက်ရတာကတော့ စကစ က လပခမှာ စစ်အင်အားတိုးချဲ့နေပြီး  ရန်နိုင်မင်းစစ်ဆင်ရေးလို့ အမည်တပ်ကာ တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းပိုက်နယ်မြေ အတွင်းမှာရှိတဲ့  တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို နည်းမျိုးစုံ ရက်စက်နေတာတွေကို တုံ့ပြန်တာဖြစ်ပါတယ်။လို့ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို အဘက်ဘက်ကနေ ဖိအားများလာချိန်မှာ မြို့ပြ UG တွေရဲ့အခန်းကဏ္ဍဟာပိုမိုအရေးကြီးလာပြီဖြစ်လို့မြို့ပြပြောက်ကျားအဖွဲ့တွေအနေနဲ့အရှိန်အဟုန်မြှင့်ပြီးတော်လှန်ရေးချိန်ခွင်လျှာကိုကိုယ့်ဘက်ပိုမိုအားကောင်းအောင်ကြိုးစားကြဖို့ကိုလည်းသူကတိုက်တွန်းခဲ့ပါတယ်။

ဒီစစ်ဆင်ရေးဟာ Brave Warriors for Myanmar အဖွဲ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၃ကြိမ်မြောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ()ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာတော့ ဒုစစ်ခေါင်းဆောင်စိုးဝင်းရဲ့ PA ဗိုလ်မှူးကြီးနဲ့ အရာရှိတွေ အပါအဝင် ၁၈ယောက်ထိခိုက်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အခြေစိုက်သံရုံး ကိုယ်စားပြုသူတွေကို နိုင်ငံတကာလေ့လာသူတွေအဖြစ် ပုံဖော်ပြီး ရွေးကောက်ပွဲအောင်မြင်၍ အံ့ဩနေကြဟု ဗိုလ်ချုပ်ဇော်မင်းထွန်း မရှက်မရွံ ပြော၊ ကုလအပါအဝင် ရွေးကောက်ပွဲကို သတင်းယူခဲ့သည့် နိုင်ငံတကာမီဒီယာတွေက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ဟု ထုတ်ဖော်

ဘယ်လိုစံနှုန်းနဲ့ပဲတိုင်းတိုင်း အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ နိုင်ငံတကာက မှတ်ချက်ပြုနေချိန် စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆိုသူကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက အောင်မြင်လွန်းလို့ အံ့ဩနေကြတယ်လို့ မရှက်မရွံ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
Read More

ဇီးကုန်းနဲ့ကြို့ပင်ကောက်အစပ်က တံတားမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တဲ့စစ်အုပ်စုတွေကို ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းမြို့အရှေ့ခြမ်းတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်အပါ လူ ၄ ဦးကို ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ၁ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။