ကချင်ပြည်နယ်၊ ဖားကန့်မှာ သီတင်းကျွတ်လပြည့်နေ့က KIA/PDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေထံက သိရပါတယ်။

မနေ့က အောက်တိုဘာ ၆ရက်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်တွေက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရွာဘက်ခြမ်းကနေ မလန်းရွာဘက်ကို စစ်ကြောင်းထိုးနေချိန် KIA/PDF ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေ မလန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ယောက် ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

“လုံးခင်းကျေးရွာအုပ်စု မလန်းကျေးရွာဘက်မှာတော့ တိုက်ပွဲတွေက ဆက်ရှိနေတယ်။ ပြည်သူ ၂ဦးကလည်း မလန်းဘက်မှာ ပစ်တဲ့အခါ ထိတယ်။ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ဘက်မှာလည်း လက်နက်ကြီး၊ ဒရုန်းချတာတွေ ရှိတယ်။ အဲ့ဘက်မှာလည်း အပြန်အလှန်ပေါ့။ အဲ့မှာလည်း အရပ်သားအိမ်တွေရှိတယ်။ အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရတယ်” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေကာ ဒီနေ့လယ်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ညနေပိုင်းလောက်မှာတော့ ပစ်ခတ်သံတွေ ငြိမ်သက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားတာ တစ်ပတ်ခန့်ရှိပြီဖြစ်ကာ အောက်တိုဘာ ၆ရက်နေ့ မနက်ပိုင်းကျမှ အပြန်အလှန် ပစ်ခတ်သံတွေ ပြန်ကြားရတယ်လို့လည်း ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ငြိမ်းချမ်းသာယာကျေးရွာနဲ့ မလန်းကျေးရွာအစပ်က စံတော်ဝင် ကုမ္ပဏီဝင်းထဲ တပ်စွဲထားပြီး မလန်းကျေးရွာအပိုင်း ခိုင်လုံကုန်းဘက်ကနေ ကျောက်စိမ်းတောင်ဘက်ကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ရေးအခြေအနေတွေ တင်းမာနေဆဲဖြစ်တာကြောင့် မလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာက ပြည်သူတွေဟာ လုံးခင်းရွာဘက်ကို စစ်ရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကမ္မရိုက်ကျေးရွာထဲ စစ်အုပ်စု လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်း ထိမှန်ပျက်စီး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ တောင်ကမ္မရိုက်ကျေးရွာထဲကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်တွေ ထိမှန်ပျက်စီးသွားတယ်လို့ NMSP-AD / Ramonnya Mon Army က ထုတ်ပြန်ပါတယ်။
Read More

ငါန်းဇွန်မှာ နှစ်သစ်ကူးည စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၅ယောက်သေဆုံးပြီး ၂ လောင်းသာ ပြန်ရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သားကျင်ကျေးရွာနေ မိသားစုဝင် ၅ ယောက် သေဆုံးကာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်အထိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုး မဖြစ်နိုင်ဟု SAC-M ပြော

အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလမှာ စတင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ မမျှတနိုင်ဘဲ ၂၀၁၀ တုန်းကလို အခင်းအကျင်းမျိုးလည်း မရနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအဖွဲ့ (SAC-M) ရဲ့ ဒီဇင်ဘာလ ၅ ရက်က အစီရင်ခံစာသစ်မှာ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေနဲ့ လူမျိုးစုကောင်စီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အပါအဝင် အဓိက တော်လှန်ရေး အစုအဖွဲ့ ၂၅ ခုက ပေးပို့ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး SAC-M က “Myanmar’s Way Forward” စာတမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။
Read More

ငြိမ်းချမ်းရေးလမ်းစဥ် အကြိမ်ကြိမ် သွားခဲ့ဖူးပေမယ့် နောက်ဆုံးမှာ ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ လက်နက်ကိုင် တိုက်ယူရကြောင်း KNLA ဒုတိယစစ်ဦးစီးချုပ် ပြော စစ်တိုက်တာ မကြိုက်ပေမယ့် တခြားနည်းလမ်း မရှိဘူးဟုဆို

“ကျနော်တို့လူမျိုးရဲ့ အခွင့်အရေးကို သွေး၊ ချွေး၊ အသက်နဲ့ရင်းပြီးတော့ တိုက်ယူရတယ်။ တခြားနည်းလမ်း မရှိဘူး။ ဆိုလိုတာက ကျနော်တို့ စစ်တိုက်တာကို ကြိုက်လို့မဟုတ်ဘူး။ စစ်သားအနေနဲ့ စစ်တိုက်တာ ကြိုက်လို့တော့ မဟုတ်ဘူး။ ငြိမ်းချမ်းရေးလမ်းစဥ်ကို ကျနော်တို့ အကြိမ်ကြိမ် သွားခဲ့ဖူးပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ပဲ ကျနော်တို့ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်။”
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ အတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေအပါအဝင် စစ်ကောင်စီထိပ်တန်းအရာရှိ ၅၃ ယောက် သေဆုံး ဒဏ်ရာရ ဖမ်းဆီးခံရ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် သေဆုံးခဲ့

၂၀၂၄ တစ်နှစ်တာလုံး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း  ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး အဆင့်အပါအဝင် ထိပ်တန်း စစ်ကောင်စီအရာရှိ ၅၃ ယောက် သေဆုံး ဒဏ်ရာရ  ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။