စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးအစပ်မှာ ပြုလုပ်နေတဲ့ ဆီမီးသပိတ်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အယောက် ၂၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်အထိ ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မနေ့က အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ည ၇ နာရီခန့်အချိန် မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ ဆီမီးသပိတ်ပြုလုပ်နေချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ စစ်ကော်မရှင် စက်တပ်လေထီးက ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“ပါရာမော်တာနဲ့ ၂လုံးချတာမှာ ၁လုံးက ပွဲလုပ်တဲ့နေရာ တည့်တည့်ကျတယ်။ ကြဲပြီးတော့လည်း ဝဲနေတာအကြာကြီးပါပဲ။ သေဆုံးတဲ့အထဲ တော်လှန်ရေးရဲဘော်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေလည်း ပါပါတယ်။ ၃နှစ် ကလေးလေး တယောက်ဆို ခြေထောက်လေးတွေပဲ ပြန်ရပါတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ၁ယောက်က မောင်းကိုပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တချို့ဟာ တစစီ လွင့်ထွက်သွားတာမျိုးတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိနေကြောင်း သိရပါတယ်။

Video – ရဲဘော် လျှပ်စီး

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(ပ.က.ဖ)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသားတပ်မတော်)တို့ပူးပေါင်းပြီး အပတ်စဉ် ၁ (၁/၂၀၂၅) အခြေခံ စစ်ပညာသင်တန်းနဲ့ လက်နက်ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၂ ရက်က ပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ခင်ညွန့် နေထိုင်ခဲ့ဖူးသည့် ရွှေတောင်ကြားရပ်ကွက် နေအိမ် မီးလောင် (ရုပ်/သံ)

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် အောင်ဇေယျလမ်းရှိ ယခင်ဗိုလ်ချုပ်ကြီး ခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ဆင်းလူးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင် ဝေဟင် ပူးတွဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် မင်းဘူးခရိုင် အမှတ်-၄တပ်ရင်းထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြေပြင်‌ ဝေဟင် ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ရန် ထွက်လာသည့် အင်အား ၂၀ ခန့်ရှိ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ် မန္တလေးတိုင်း ပကဖ ပူးပေါင်းအဖွဲ့များ ရှောင်တခင်သွားရောက်စစ်ဆေး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ပကဖအဖွဲ့၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့များ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရှောင်တခင် စစ်ဆေးခဲ့တဲ့ ရုပ်သံဖိုင်ကို ပကဖအသံက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိတ်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် စစ်တပ်ရိက္ခာတင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်မြို့ကနေ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာ တင်ယာဉ်အုပ်စုကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။