ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ နမ္မတူမြို့နယ် ရပ်ကွက်(၈) ‌ပုဗ္ဗာရုံဘုန်းကြီး‌ကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ပြည်သူလူထု တည်ရှိရာ ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်း‌ဆောင်(၄) ဆောင် ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ မနေ့ကလည်း နမ္မတူမြို့၊ မြို့မဈေးရပ် ရပ်ကွက်(၂)ကို ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် နေအိမ်(၆) လုံး ထိမှန်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ မနေ့က သီပေါမြို့အတွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးရုံးဝန်းထဲကို ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေး(၁) ယောက်အပါအဝင် (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက် ရရှိထားတဲ့ နေရာတွေမှာ အကြမ်းဖက်မှု အမျိုးမျိုးနဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ဝင်လာဖို့ အကြမ်းဖက်စစ်တပ်က ခြိမ်းခြောက်ခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင်နှင့် သူ့အား လက်ခံကြိုဆိုသူ ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်း၊ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်ရဲ့ ဖမ်းဝရမ်းပုံတွေအပြင် ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်လံကပ်ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးက စစ်အုပ်စု၏ လပခ ကို ရှော့တိုက်ဒုံးတွေနဲ့ BWM အဖွဲ့ ပစ်ခတ်တိုက်ခိုက်…

“ပစ်လိုက်တဲ့ ၂ လုံးစလုံးက လပခအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုကတော့ အသင့်တင့်ရှိနိုင်ပါတယ်၊ မင်းအောင်လှိုင်ကိုတော့ အချိန်မှီ ခြိမ်းခြောက်နိုင်ခဲ့တာပေါ့” လို့ BWM အဖွဲ့က တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။