စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို ရော့ကတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေအပါအဝင် ၁၂ယောက်သေဆုံးပြီး ရိက္ခာဂိုဒေါင်တွေ ပျက်စီးခဲ့တယ်လို့ Chindwin Rocket Brother – C.R.B တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ရက်နေ့က Chindwin Rocket Brother – C.R.B နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သီတင်းကျွတ်အကြိုအဖြစ် နမခရှိရာကို ရော့ကတ် ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ C.R.B ရဲ့ ၉ကြိမ်မြောက် နမခကို တိုက်ခိုက်မှုဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ပစ်မှတ်တွေကို ထိမှန်ခဲ့တာကြောင့် စစ်အုပ်စုတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

ရော့ကတ်တွေကျရောက်ပေါက်ကွဲမှုကြောင့် စစ်တိုင်းရုံးအတွင်းက အရာရှိ ၅ယောက်၊ ရိက္ခာဂိုထောင်စောင့် စစ်သား၂ယောက်နဲ့ တပ်တွင်းမိသားစုဝင် ၅ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို တဆ(ခွဲ) ၄/၃၀၀ တပ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တိုင်းရုံးအတွင်းက ရိက္ခာဂိုထောင် ၂လုံးလည်း တိုက်ခိုက်မှုအတွင်း ပြိုကျပျက်စီးခဲ့ပါသေးတယ်။

Chindwin Rocket Brother (C.R.B) နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brother – C.R.B) ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army မုံရွာခရိုင်တပ်ရင်း (၁၄) ဗိုလ်လက်ကောက်နဲ့ ယင်းမာပင်ခရိုင် အမှတ်(၉)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအပြီး အောက်တိုဘာလ ၆ရက်နေ့ညပိုင်းမှာတော့ အကြမ်းဖက် စစ်အုပ်စုတွက မုံရွာ နမခတက် စက်တပ်လေထီးနဲ့အတူ မုံရွာနဲ့ချောင်းဦးနယ်အစပ်မှာရှိတဲ့ ဆီမီးထွန်းပွဲလုပ်ဆောင်ရာနေရာကို ၁၂၀မမ ဗုံးသီးတွေကြဲချတိုက်ခိုက်ရာမှာ ကလေးငယ်တွေအပါ အများအပြား ထိခိုက်သေဆုံးခဲ့ရပါတယ်။

“သူတို့ကတော့ သတင်းရတဲ့ ဘယ်နေရာမဆို ပစ်မှာပါပဲ။ ဒီလိုလုပ်လိုက်လို့ သူတို့က လပြည့်နေ့ညမှာ ပြန်လုပ်တယ်ဆိုတာကတော့ မဆိုင်ဘူးပြောရပါမယ်။” လို့ Chindwin Rocket Brother – C.R.B တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ်တွင် စစ်အုပ်စု လုံခြုံရေး တင်းကျပ်ထားသည့်ကြားက အတုအယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း ရွေးကောက်ပွဲကန့်ကွက်စာရွက်များ ကပ်ပြီး အသံတိတ်ဆန္ဒပြ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲလက်မခံကြောင်း စာရွက်တွေကို မြို့ထဲက နေရာအချို့မှာ ကပ်ပြီး အသံတိတ်ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုဒုံတွင် အကြောဆေးထိုးမိသူ ၂၉ ဦး ‌ဆေးရုံတက်ရပြီး အဲဒီထဲက ၇၉ နှစ်အရွယ် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံး

မွန်ပြည်နယ်၊ မုဒုံမြို့၊ ဘလောက်ညောင်ဝိုင်းကျေးရွာမှာ ကျေးရွာတာဝန်ကျ သားဖွားဆရာမက အကြောဆေးထိုးပေးပြီးတဲ့နောက်မှာ လူ ၂၉ ယောက် အရေးပေါ် ဆေးရုံတင်လိုက်ရပြီး အဲဒီထဲမှာမှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကတော့ အသက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်များ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဒေသ၊ PDF (၅၁၀) တပ်ရင်း (Special - 10 PDF) အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ စစ်ကိုင်းတိုင်းဆီ လက်နက်ခဲယမ်း ပေးပို့ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲနေ၊ မနေ့က တိုက်ခိုက်မှုကြောင့်  အဘွားအို ၁ ဦး သေဆုံးပြီး ကလေးငယ်အပါ ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ဗုံးကြဲတိုက်ခိုက်ရာ အဘွားအို  ၁ ယောက်သေဆုံးပြီး ကလေးငယ်တစ်ယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။