မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့က မင်းတုန်းမြို့ပေါ်ကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို မင်းတုန်း-သရက်လမ်းပိုင်း၊ ခုန်တိုင်ရွာအနီးမှာ ဗမာပြည်ကာကွယ်ရေးတပ်-USBA တပ်ဖွဲ့ဝင်တွေက အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲနဲ့ စစ်သားတွေ ပါဝင်တဲ့ အထက်ပါစစ်ကြောင်းဟာ မင်းတုန်းမြို့နဲ့ ၁၀မိုင်အကွာ အလယ်ချောင်းရဲစခန်းဆီ လူချိန်းဖို့ထွက်လာချိန်မှာ အခုလို ခြုံခိုတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

တိုက်ပွဲဟာ ၁၅ မိနစ် နီးပါးကြာမြင့်ပြီး ပြင်းထန်ခဲ့တာကြောင့် စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိပေမယ့် မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးဘူးလို့လည်း သိရပါတယ်။

“မင်းတုန်းမြို့ပေါ်ကနေ ညောင်းကြပ်ရွာအထိ လိုက်ထရပ် ၁စီး၊ အိမ်စီး ၁စီးနဲ့ လာတယ်။ အဲ့ကနေမှ ရဲစခန်းဆီ ဦးတည်ပြီး ရှေ့က ခြေလျင်စစ်ကြောင်းနဲ့ နောက်က ကားတွေက လိုက်တယ်ပေါ့။ တိုက်ပွဲထဲ ရန်သူဘက်က ထိခိုက်သေဆုံးတာတွေ မျက်မြင်တွေ တွေ့ခဲ့ရပေမယ့် အချက်အလက် အတိအကျတော့ မပြောနိုင်သေးပါဘူး။ သူတို့က ရဲစခန်းကိုလည်း ရောက်အောင်သွားလိုက်ပါတယ်။ အဲ့ရောက်ပြီးတော့မှ မင်းတုန်းကို ပြန်ဆုတ်တာပါ။” လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကိုပြောပါတယ်။

အထက်ပါ အကြမ်းဖက်စစ်ကြောင်း အလယ်ကုန်းရဲစခန်းကနေ မင်းတုန်းမြို့ပေါ် ပြန်ဆုတ်ရာ လမ်းတလျှောက်မှာလည်း အရပ်သား လူငယ်တချို့ကို အကြောင်းပြချက်မရှိ ဖမ်းဆီးတာမျိုးတွေရှိခဲ့ပြီး နေအိမ်တွေကိုလည်း မွှေနှောက်ခိုးယူခဲ့ကြောင်း သိရပါတယ်။

“သူတို့ဘက် ထိခိုက်သေဆုံးတာတွေရှိပေမယ့် အတည်မပြုနိုင်ဘူး။ ၂ ယောက် သေတယ် ၁ ‌ယောက် ဒဏ်ရာရတယ်ကြားပေမယ့် အတည်ပြုပေးမယ့်သူမရှိ‌ဖြစ်နေတာပါ။ နောက်ပြီးစစ်ကြောင်းက သူတို့ရည်ရွယ်ချက်အတိုင်း အလယ်ကုန်းရဲစခန်းအထိတော့ ရောက်အောင်သွားတယ်။ အဲ့ကနေပြန်ဆုတ်တော့ လမ်းပိုင်းက အရပ်သား ၅ယောက်လောက် အဖမ်းခံရတယ်။ ပေါ်တာဆွဲတာရော၊ ဒီအတိုင်းဖမ်းတာရောပါ။ နောက်ပြီး အချို့ပြည်သူတွေအိမ်ကနေ စားသောက်ကုန်တွေ၊ တန်ဖိုးရှိ အသုံးဆောင်တွေကိုလည်း ဝင်ခိုးသွားပါသေးတယ်။” လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံထားရတဲ့ စစ်သား (၄) ဦး K.N.L.A တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ဆီကို အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်း စစ်သား (၄) ယောက် လက်နက်ချအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU ( ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်မြို့နယ်တွင် စစ်အုပ်စုက နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

သေဆုံးသူ မြင့်ဆွေအတွက် ကျန်ရစ်တဲ့ စစ်အုပ်စု ဝမ်းနည်းခြင်းကာလ သတ်မှတ်

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေ ဒီနေ့မနက်ပိုင်းမှာ သေဆုံးပြီးနောက် ဩဂုတ်လ ၇ ရက်ကနေ ၉ ရက်အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကြေညာကြောင်း ကာလုံက ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင်တနေရာမှာ (၇၆) မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်…

ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ခုခံတိုက်ခိုက်နေတဲ့ အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်က ကရင့်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) ပ ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။